လူငယ်တွေအကြား လွှမ်းမိုးမှု များလာတဲ့ အွန်လိုင်းပေါ်က Influencer

09 June 2019
လူငယ်တွေအကြား လွှမ်းမိုးမှု များလာတဲ့ အွန်လိုင်းပေါ်က Influencer

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ်အများစုဟာ အွန်လိုင်းပေါ်က Influencer တွေအပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်နေပြီး ၈၅ ရာခိုင်နှုန်းသော Follower တွေဟာ Influencer တွေကြော်ငြာတဲ့ ကုန်ပစ္စည်းတွေကို ထောက်ခံအားပေးလျှက်ရှိတယ်လို့ စာတမ်းတစ်ခုက ဖော်ပြနေပါတယ်။

အဲ့ဒီလို လူတွေအပေါ် Influencer တွေက လွှမ်းမိုးမှုရှိလာတာနဲ့ ပတ်သက်ပြီး မော်ဒယ် သန္တာလှိုင်က အခုလိုပြောပါတယ်။

 “နားမလည်တဲ့ တစ်ချို့သော လူတွေက ယုံကြည်လို့ Follow လုပ်ခံရတဲ့ Influencer တစ်ယောက်က ရှိသမျှအရာတွေ အကုန်လုံးကို ဒါလည်း ကောင်းတယ်။ ဒါလည်း ကောင်းတယ်။ ကိုယ်ယုံကြည်ကြည်၊ မကြည်ကြည် အကုန်လုံးကို ကောင်းတယ်လို့ ပြောတာကို မြင်လာပြီဆိုရင် တစ်ချို့ပရိသတ်တွေက Influencer ဆိုတာ ပိုက်ဆံရရင် ပြီးရော၊ ရောင်းကောင်းဖို့ လုပ်ပေးနေတာလို့ မြင်သွားတဲ့ အမြင်မျိုးရှိနိုင်သလို ကောင်းတာတစ်ခုပေါ်နိုင်တာက ပရိသတ်တွေက ဒီသူက တွေ့သမျှအကုန်ကောင်းတယ်လို့ ပြောနေတဲ့ Influencer၊ ဒီ Influencer တွေကျတော့ သေသေချာချာကိုယ်ယုံကြည်တဲ့ အရာကိုပဲ ကောင်းပါတယ်ပြောတဲ့ Influencer ဆိုပြီးတော့ ၂ မျိုး ကွဲကွဲခြားခြားမြင်လာပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

ရိုက်ကူး /  တည်းဖြတ် -  ဖူးအိအိနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly