ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များကို ငွေကြေးထောက်ပ့ံရန် IDAထံမှ ချေးငွေ ရယူရေး လွှတ်တော်အတည်ပြု

09 June 2019
ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များကို ငွေကြေးထောက်ပ့ံရန် IDAထံမှ ချေးငွေ ရယူရေး လွှတ်တော်အတည်ပြု

ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွာလာသော၂နှစ်အောက် ကလေးငယ်များအတွက် ငွေကြေး ထောက်ပံ့ပေးရန် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA)ထံမှ အမေရိကန် ဒေါ်လာ သန်း (၁၀၀) ချေးယူရေး ကိစ္စကို ဇွန်လ ရရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် အတည်ပြုခဲ့ပါတယ်။

အဆိုပါ အစီအစဉ်ကို လူဦးရေနှင့် ကျန်းမာရေးစစ်တမ်း ၂၀၁၅-၁၆ အရ ပုညှက်မှုနှုန်းမြင့်မားလျက်ရှိ သည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့် တိုင်းများအတွက် ငါးနှစ်စီမံကိန်းရေးဆွဲ၍ လုပ်ဆောင်သွားမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောပါတယ်။

အဆိုပါထောက်ပံ့ကြေးပေးသည့် အစီအစဉ်အရ ကိုယ်ဝန်ဆောင်စဉ် မိခင်တစ်ဦးအတွက် ကျပ်တစ် သောင်းခွဲ ထောက်ပ့ံသွားမည်ဖြစ်ပြီး ကလေးမွေးဖွားပြီးချိန်တွင် မိခင်အတွက် ရရှိတော့မည် မဟုတ်ဘဲ ကလေးအတွက်သာ အဆိုပါ ထောက်ပ့ံငွေကြေးကို ဘဝအစ ရက်တစ်ထောင်အတွင်း အဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့အတွက် လုပ်ဆောင်သွားမည်ဟု သိရသည်။

ရိုက်ကူးတည်းဖြတ်- အောင်မြတ်သူ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57669

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly