"အခုချိန်မှာ တပ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ထွက်သွားဖို့၊ စီးပွားရေးအရ ထွက်သွားဖို့အတွက် တောင်းဆိုတာတွေ တွေ့ရတယ်။ အဲ့ဒီလို တောင်းဆိုမှုတွေကို ထပ်ပြီးတော့ တောင်းဆိုကြပါ။ လှုပ်ရှားကြပါ.."
တပ်မတော်၏ တရားစွဲခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦး
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်တရားရုံး၌ တရားစွဲထားသောအမှု အတွက် ရဲတပ်ဖွဲ့မှလုံခြုံရေးကို ယခင်ရုံးချိန်းထက် ပိုမိုတင်းကြပ်ထားပြီး ရဲအချုပ်ကားကိုလည်း တရားရုံး တံခါးအဝအထိ နောက်ပြန်ထိုးထားကာ တရားရုံး၏တံခါးကို ပိတ်ဆို့ထားသည်။
ဇွန်လ ၃ ရက်နေ့၊ ညနေပိုင်းမှာ ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးကို သာမန်ထက် ပိုမိုတင်းကြပ် ထားပြီး တရားရုံးအတွင်း ဝင်ခွင့်ကတ်ပြုလုပ်ထားသော မီဒီယာအချို့နှင့် ကျောင်းသား အချို့လည်း တရားရုံးအတွင်းသို့ ကနဦးက ဝင်ခွင့်မရရှိဘဲ တရားရုံးအတွင်း စစ်ဆေးပြီးခါနီးတွင်သာ တချို့အား ဝင်ခွင့်ပေးခဲ့သည်ဟု သိရသည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦးကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ပထမဆုံး ရုံးထုတ်ခဲ့ရာတွင် လာရောက်ဝန်းရံသူတို့နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့အကြား ရုန်းရင်းဆန်းခတ် ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ လုံခြုံရေးအခြေအနေ ပိုမိုတင်းကြပ်လာခြင်းလည်းဖြစ်သည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)