မကွေးတိုင်းအတွင်း ကျောင်းနေမည့် ကျောင်းသား ကျောင်းသူ ဦးရေ(၅၀၀၀၀)ကျော်ရှိ

မကွေးတိုင်းအတွင်း ကျောင်းနေမည့် ကျောင်းသား ကျောင်းသူ ဦးရေ(၅၀၀၀၀)ကျော်ရှိ
ဓာတ်ပုံ - တင်ရွှေ(မဇ္ဈိမ)

မကွေး၊ ဇွန် ၃ ။         ။ မကွေးတိုင်းဒေသကြီးအတွင်း (၅)နှစ်ပြည့်ပြီးကျောင်းနေမည့်ကျောင်းသား ကျောင်းသူ ဦးရေ(၅၀၀၀၀)ကျော်ရှိ ကြောင်း မကွေးတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနက သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဧပြီလက ကျောင်းနေအရွယ်ကလေးများ စာရင်းကောက်ယူရာတွင် ကျောင်းသား ကျောင်းသူပေါင်း (ရသိန်း၂သောင်း)ကျော် ရှိကြောင်း၊ ယခုနှစ်တွင် (၅)နှစ်ပြည့်ပြီး ကျောင်းနေမည့် ကျောင်း သား၊ ကျောင်းသူ ဦးရေ(၅၀၀၀၀)ကျော်ရှိပြီး (KG မပါ) မူလတန်းကျောင်းသား (၃သိန်း) ကျော် ရှိကြောင်း မကွေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးက ပြောသည်။

“မကွေးတိုင်းအတွင်းမှာ KG မပါ မူလတန်းကျောင်းသူကျောင်သား(၃)သိန်းကျော်ရှိတဲ့အတွက် နိုင်ငံတော်က ထောက်ပ့ံတဲ့ ကျောင်းသားတစ်ဦး ဗလာစာအုပ်တစ်ဒါဇင်အတွက် မကွေးတိုင်းဒေသကြီးက ဗလာစာအုပ် ဒါဇင် ပေါင်း(၃သိန်း)ကျော်ရပါတယ်” ဟု ဒေါ်ခင်သန်းဦးက ပြောသည်။

ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် ဆရာ၊ ဆရာမများ မိဘဆရာအသင်းများ ကျောင်းကော်မတီများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကျောင်းမအပ်နိုင်သည့်ကလေးများကို ကျောင်းပြင်ပ ပညာရေးကျောင်းများ အသက်မွေးဝမ်းကျောင်း ပညာရေးများ သင်ကြားဆောင်ရွက်ပေးနေပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကိုလည်း အားပေး ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း မကွေးတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန တိုင်းညွှန်ကြားရေးမှဴး ဒေါ်ခင်သန်းဦးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly