ထျန်အန်းမင်အရေးအခင်းကို ဖြိုခွင်းခဲ့တာဟာ မှန်ကန်တဲ့ ပေါ်လစီဖြစ်တယ်လို့ တရုတ်စစ်ဝန်ကြီး ပြော

ထျန်အန်းမင်အရေးအခင်းကို ဖြိုခွင်းခဲ့တာဟာ မှန်ကန်တဲ့ ပေါ်လစီဖြစ်တယ်လို့ တရုတ်စစ်ဝန်ကြီး ပြော

စင်ကာပူ၊ ဇွန် ၃ ။               ။ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ ပေကျင်းမြိို့ ထျန်အန်းမင်ရင်ပြင်က ဆန္ဒပြသူတွေကို တရုတ်စစ်တပ်က ဖြိုခွင်းခဲ့တာဟာ မှန်ကန်တဲ့ ပေါ်လစီပဲဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက  ဇွန် ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။

“ဒီ ထျန်အန်းမင်အရေးအခင်းဟာ နိုင်ငံရေးဆူပူအုံကြွမှုပဲ ဖြစ်တယ်။ ဗဟိုအစိုးရအနေနဲ့ ဒီလို ဆူပူအုံကြွတာမျိုးကို ရပ်တန့်အောင် လုပ်ရတာပဲ။ ဒါဟာ မှန်ကန်တဲ့ ပေါ်လစီဖြစ်တယ်။”လို့ ဗိုလ်ချုပ်ကြီး ဝေဖုန်းဟီက စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဖိုရမ်တစ်ရပ်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းက ကာကွယ်ရေးဝန်ကြီးတွေ၊ စစ်ဖက်ဆိုင်ရာ ထိပ်တန်းအရာရှိတွေနဲ့ ပညာရှင်တွေ တက်ရောက်တဲ့ အဲဒီ ဖိုရမ်မှာ တရုတ်စစ်ဗိုလ်ချုပ်ကြီး ဝေဖုန်းဟီက ထျန်အန်းမင်အရေးအခင်းကို တရုတ်နိုင်ငံက မှန်မှန်ကန်ကန် ကိုင်တွယ်မဖြေရှင်းဘူးလို့ လူတွေက အခုထက်ထိ ဘာကြောင့် ပြောဆိုနေကြတာလဲဆိုပြီးလည်း မေးခွန်းထုတ်ပါတယ်။

“ခုဆို နှစ်ပေါင်း ၃၀ ကြာပြီ၊ လက်တွေ့သက်သေပြနေတာကတော့ တရုတ်နိုင်ငံမှာ ပြောင်းလဲတိုးတက်မှုများစွာ ဆောင်ကြဉ်းထားတာ မှန်ကန်တဲ့ သက်သေပဲ။”ဆိုပြီး ဝေဖုန်းဟီက ပြောရင်း တရုတ်နိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အစိုးရက လုပ်ဆောင်ခဲ့ရတာပဲ ဖြစ်တယ်လို့ ထပ်လောင်းပြောဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ က ပေကျင်းမြို့တော်ဟာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေရဲ့ အဓိိက ဗဟိုချက်မဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ထျန်အန်းမင်ရင်ပြင်က ဆန္ဒပြပွဲကို စစ်တပ်က ဖြိိုခွင်းခဲ့ရာမှာ လူပေါင်း ၁၀၀၀ ကျော်ထက်မနည်းထိ သေဆုံးခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly