မုံရွာမမြို့ ကန်သာယာကန်မှာ စုပေါင်းအမှိုက်ကောက်ကမ်ပိန်း ပြုလုပ်

01 June 2019
မုံရွာမမြို့ ကန်သာယာကန်မှာ စုပေါင်းအမှိုက်ကောက်ကမ်ပိန်း ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန်မှာ မေလ ၃၁ ရက် မနက်ပိုင်းက လူငယ် ၁၀၀ ကျော်စုပေါင်းပြီး အမှိုက်ကောက်ခဲ့ကြပါတယ်။

မြစ်ကြီးနားမြို့ပည့ာတံခါး လူမှုဖွံဖြိုးရေးသင်တန်းက ဆရာ/ဆရာမ သင်တန်းသူတွေ၊ မုံရွာနှစ်ခြင်း ခရစ်ယာန်အသင်းတော်လူငယ်တွေ၊ Save Monywa စတဲ့အဖွဲ့က လူငယ်တွေစုပေါင်းပြီး အမှိုက်ကောက်ခဲ့တာဖြစ်ပါတယ်။

မုံရွာမြို့မှာ အခြားမြို့ကလူငယ်တွေနဲ့စုပေါင်းပြီး အမှိုက်ကောက်ကြတာဟာ ပထမဆုံးအကြိမ်လဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလဲ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဦးဆောင်ပြီး ကန်သာယာမှာ အမှိုက်တွေ စနစ်တကျစွန့်ပစ်ဖို့ အမှိုက်ကောက်တဲ့ ကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။

ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊မဇ္ဈိမ 
တည်းဖြတ်/တင်ဆက် - ဇေယျာမော်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly