ဦးဝီရသူမှာ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ရှိသည့်အတိုင်း ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်ဟုဆို

31 May 2019
ဦးဝီရသူမှာ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ရှိသည့်အတိုင်း ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်ဟုဆို

"အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတဲ့ ဆရာတော်တစ်ပါး ဖြစ်တယ်။ သူပုန် မဟုတ်ဘူး၊ အကြမ်းဖက်သမား မဟုတ်ဘူး။ လက်နက်စွဲကိုင်တော်လှန်နေတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ ဆရာတော်သည် ငြိမ်းချမ်းစွာ ကလောင်ကိုင်ပြီးတော့ ဓမ္မဆိုတဲ့တရားကို ကိုင်စွဲထားတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်"ဟု ဦးဝီရသူအား ဝန်းရံခဲ့သည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်က ပြောသည်။

တရားစွဲခံထားရသော မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို ဝန်းရံမည့် သံဃာများနှင့် လူများမှာ မေလ ၃ဝ ရက်နေ့၊ နံနက်ပိုင်းမှစကာ ရန်ကုန်မြို့၊ ရွှေတိဂုံအရှေ့ဘက်မုဒ်အနီးတွင် စုဝေးခဲ့ကြပြီး ဦးဝီရသူကို မွန်းလွဲ ၂ နာရီအထိ စောင့်ဆိုင်းခဲ့ကြသည်။

မွန်းလွဲ ၂ နာရီခန့်အထိ ဆရာတော် ဦးဝီရသူမှာ လာရောက်ခြင်းမရှိသဖြင့် ဝန်းရံသူများက ရွှေတိဂုံဘုရားပေါ်သို့ တက်ကာ အောင်မြေနင်းပြီး ဦးဝီရသူကို  ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags