ဦးဝီရသူက တပ်မတော်ကို ဘုရားလိုကိုးကွယ်ခိုင်းခြင်းမဟုတ်ဘဲ ဥပမာပေးခိုင်းနှိုင်းခဲ့ခြင်းဖြစ် ဟုဆို

31 May 2019
ဦးဝီရသူက တပ်မတော်ကို ဘုရားလိုကိုးကွယ်ခိုင်းခြင်းမဟုတ်ဘဲ ဥပမာပေးခိုင်းနှိုင်းခဲ့ခြင်းဖြစ် ဟုဆို

မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ ဟောပြောမှုတွင် "တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များကို ဘုရား လိုကိုးကွယ်"ဟု ဟောပြောခဲ့ခြင်းမှာ ဘုရားလိုကိုးကွယ်ခိုင်းခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစွန့်လုပ်ဆောင်နေသူများ ဖြစ်သည့်အတွက် ဘုရားကဲ့သို့ ကိုးကွယ်သင့်သည်ဟု ဥပမာပေး ခိုင်းနှုန်းဟောပြောခဲ့ခြင်းသာဖြစ်ကြောင်း ဦးဝီရသူအား ဝန်းရံသည့် မျိုးချစ်သမဂ္ဂ(ရန်ကုန်)မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အရှင်တေဇဝံသက မိန့်သည်။

မေလ ၃၀ ရက်နေ့၊ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတွင် ဦးဝီရသူအား ဝန်းရံသည့် သံဃာများနှင့် လူများက အောင် မြေနင်းပြီး ဦးဝီရသူအား ဆုတောင်းမေတ္တာပို့သခဲ့ပြီးနောက် မီဒီယာများမေးမြန်းမှုကို အရှင်တေဇဝံသက ထိုသို့ မိန့်ခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57365
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags