ဒီပဲယင်း အရေးအခင်း ၁၆ ကြိမ်မြောက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

30 May 2019
ဒီပဲယင်း အရေးအခင်း ၁၆ ကြိမ်မြောက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

ကမ္ဘာကျော် အရေးအခင်းတစ်ခုဖြစ်တဲ့ ဒီပဲယင်းအရေးခင်းရဲ့ ၁၆ ကြိမ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ မေလ ၃၀ ရက် မနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ပါတယ်။

အခမ်းအနားမှာ အရေးခင်းအတွင်း ကျဆုံးသွားသူတွေအတွက် ကြည်ရွာထိပ်မှာ လွမ်းသူပန်းခွေချခြင်း၊ သံဃာတော်များကို ဆွမ်းကပ်လှူခြင်းနဲ့ ရေစက်ချအမျှအတမ်းပေးဝေခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။
အာဏာရှင်လက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို မမေ့အောင်နဲ့ သမိုင်းမှာ ခွင့်လွှတ်လို့ရပေမယ့် မေ့လို့မရတဲ့အတွက် ဒီအခမ်းအနားကို ကျင်းပတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ ဗဟိုအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအောင်ရှင်က ပြောပါတယ်။ 

အောင်မေ့ဖွယ် အခမ်းအနားကျင်းပတဲ့ ကြည်ရွာ ကျောင်းကြီးတိုက် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှာ အရေးအခင်းနဲ့ ပတ်သတ်တဲ့ မှတ်တမ်းဓာတ်ပုံ ပြခန်းကိုလဲ ဖွင့်လှစ်ထားပါတယ်။ အခုလို ဒီပဲယင်းအရေးအခင်း အောက်မေ့ဖွယ် အခမ်းအနားတွေကို ၂၀၁၀ နောက်ပိုင်းကစပြီး ခမ်းခမ်းနားနားနဲ့ ပိုမိုကျင်းပလာခဲ့ကြပါတယ်။ ဒီအရေးအခင်းဟာ လူပေါင်းများစွာ သေဆုံးခဲ့တဲ့ အရေးခင်းတစ်ခုလဲ ဖြစ်ပါတယ်။

ရိုက်ကူး- ဘုန်းနိုင်ဖြိုး
တည်းဖြတ်- ဇေယျာမော်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly