နျူကလီးယားမှောင်ခိုသမားများက အိုင်အက်စ်ထံသို့ ရေဒီယိုသတ္တိကြွ ပစ္စည်းများရောင်းချရန် ကြိုးစားခဲ့ဟုဆို

နျူကလီးယားမှောင်ခိုသမားများက အိုင်အက်စ်ထံသို့ ရေဒီယိုသတ္တိကြွ ပစ္စည်းများရောင်းချရန် ကြိုးစားခဲ့ဟုဆို

ဟီစီနော့၊ မော်လ်ဒိုဗာ၊ အောက်တိုဘာ-၇ ။              ။ ဥရောပအရှေ့ဖျားတွင် လွန်ခဲ့သည့် ၅နှစ်အတွင်း ရုရှနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆရသည့် ဂိုဏ်းများက အရှေ့အလယ်ပိုင်းမှ အစွန်းရောက် များထံ ရေဒီယိုသတ္တိကြွပစ္စည်း ရောင်းချရန်ကြိုးစားမှု ၅ခုကို အာဏာပိုင်များက အက်ဖ်ဘီအိုင် (FBI)နှင့် ပူးပေါင်းပြီး ဟန့်တားနိုင်ခဲ့ဝသည်ဟု ဆိုသည်။

နောက်ဆုံးလူသိရှင်ကြားကိစ္စမှာ ယခုနှစ် ဖေဖော်ဝါရီလက မှောင်ခိုသမားတစ်ဦးက မြို့ပြရပ်ကွက် နှစ်ခုသုံးခုမျှကို ညစ်ညမ်းသွားစေနိုင်လောက်အောင် လုံလောက်သည့် သေစေနိုင်သော စီဆီယမ် ပမာဏအများအပြားကို ရောင်းချရန် အထူးသဖြင့် အိုင်အက်စ်အုပ်စုထံမှ အဝယ်တော်တစ်ယောက်ကို ရှာဖွေနေစဉ် ဖမ်းဆီးမိခဲ့ခြင်းပင် ဖြစ်သည်။

အချို့မှာ ကေဂျီဘီအရိုက်ရာခံအေဂျင်စီနှင့် အဆက်အသွယ်ရှိသည့် ရာဇဝတ်ဂိုဏ်းများက ဆင်းရဲမွဲတေလှသည့်   မော်လ်ဒိုဗာနိုင်ငံငယ်လေး တွင် နျူကလီးယားပစ္စည်း   မှောင်ခိုဈေးကွက်ကို   မောင်းနှင်နေကြသည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

ထိုရာဇဝတ်ဂိုဏ်းများကို အောင်မြင်စွာဖြိုခွင်းနိုင်သည့်အခါများ ရှိသော်လည်း ဂိုဏ်းခေါင်းဆောင်များ ထွက်ပြေးလွတ်မြောက်သွားခြင်း၊ အဖမ်းခံရသူများမှာလည်း   နှစ်ရှည်ထောင်ဒဏ်များကို   ရှောင်ကွင်း၍ နျူကလီးယားမှောင်ခိုလောကသို့ပင် ပြန်လည်ဝင်ရောက်သွားခြင်းများကို တွေ့ရှိရသည်ဟု ဆိုသည်။

နျူုကလီးယား မှောင်ခိုဈေးကွက်မှာ မည်မျှအန္တရာယ်ကြီးမားသည်ကို မီးမောင်းထိုးပြနိုင်ရန်အတွက် မော်လ်ဒိုဗာရဲတပ်ဖွဲ့နှင့် တရားရေးအာဏာပိုင်များက စုံစမ်းရရှိထားသည့် သတင်းအချက်အလက်ဖိုင်များကို အေပီသတင်းဌာနသို့ ဝေမျှခဲ့သည်ဟု ဆိုသည်။

ရုရှ၊ အနောက်ဥရောပတို့နှင့် ပူးပေါင်းဖြိုခွင်းရာတွင်လည်း မှောင်ခိုသမားများမှာ မသိနိုင်သောပမာဏဖြင့် မှောင်ခိုဈေးကွက်ထဲသို့ စိမ့်ဝင်နေသည့် ရုရှ၏ ရေဒီယိုသတ္တိကြွပစ္စည်းတိုက်မှ အစိတ်အပိုင်းများကို မည်သည့်နည်းဖြင့် ခိုးထုတ်နေကြသည်ကို သိရှိရန် ခက်ခဲလာသည်ဟု ဆိုသည်။

‘နောက်ထပ် အမှုတွေ ထပ်ပေါ်လာဦးမယ်လို့ ခန့်မှန်းရတယ်။ မှောင်ခိုသမားတွေက အဖမ်းမခံရဘဲ အကြီးအကျယ် ပွပေါက်တိုးနိုင်တယ်လို့ ထင်နေသရွေ့ ဒီအလုပ်ကို လုပ်နေကြဦးမှာပဲ’’ဟု ယခင်အမှုလေးမှုစလုံးကို စုံစမ်းစစ်ဆေးခဲ့သည့် မော်လ်ဒိုဗာ ရဲအရာရှိ စွန်စတန်တင်း မာလစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly