စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး လွှတ်တော်ကို ထိုင်းဘုရင် ဖွင့်လှစ်ပေး

စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး လွှတ်တော်ကို ထိုင်းဘုရင် ဖွင့်လှစ်ပေး

ဘန်ကောက်၊ မေ ၂၄ ။                 ။ ထိုင်းနိုင်ငံမှာ ၂၀၁၄ က စစ်အာဏာသိမ်းပြီး ငါးနှစ်အတွင်း ပထမဆုံး လွှတ်တော်ကို ထိုင်းဘုရင်က မေ ၂၄ ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။

ဒီလို လွှတ်တော်ကို ဖွင့်လှစ်ပေးရာမှာ အမျိုးသားလုံခြုံရေးနဲ့ ပြည်သူအများ စိတ်ဝမ်းနှလုံး ချမ်းသာရေးက အရေးကြီးကြောင်း ဘုရင် မဟာဝါဇီရလောင်ကွန်းက မိန့်ကြားပါတယ်။

အာဏာကို လက်ကိုင်ထားတဲ့ ထိုင်းစစ်တပ်အနေနဲ့ ဆက်လက်ပြီး နိုင်ငံရေးအာဏာ ရယူထားနိုင်သေးဆဲ အခြေအနေမှာ ခုလို လွှတ်တော်ကို ပထမဆုံး ဖွင့်လှစ်တာလည်း ဖြစ်ပါတယ်။

မတ် ၂၄ ရက်က ရွေးကောက်ပွဲ ရလဒ်ကို မဲပေးပြီး နှစ်လနီးပါးမှာ ထုတ်ပြန်ထားပေမယ့် အနိုင်ရသူ သေချာရှင်းလင်းစွာ ထွက်ပေါ်မလာသေးတဲ့ အခြေအနေမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် စစ်အစိုးရနဲ့ ချိတ်ဆက်မှုရှိတဲ့ ပလန်ပရာချာရတ်ပါတီက အောက်လွှတ်တော်မှာ အမတ်နေရာ ၁၁၅ နေရာရရှိထားတာကြောင့် စစ်တပ်ခန့်အပ်တဲ့ အမတ် ၂၅၀ ရှိတဲ့ လွှတ်တော်မှာ မဲအနိုင်ရရှိတာဖြစ်ဖို့ ၁၁ မဲသာ လိုတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အလတ်စားပါတီတွေအပေါ် အားလုံးက စောင့်ကြည့်နေပြီး ၎င်းပါတီတွေက ပလန်ပရာချာရတ်ပါတီနှင့် နီးကပ်သွားလိမ့်မယ်လို့ အကဲဖြတ်တွေက ရှုမြင်ထားကြပါတယ်။

လွှတ်တော်ကို လာရောက်ဖွင့်လှစ်တဲ့ ထိုင်းဘုရင်ရဲ့ နောက်ပါးမှာ မကြာသေးခင် နန်းတက်ပွဲ ကျင်းပဖို့ ရက်ပိုင်းလေး အလိုမှာပဲ မိဖုရားအဖြစ် တင်မြှောက်ခဲ့တဲ့ ၎င်းရဲ့ တော်ဝင်သက်တော်စောင့်အဖွဲ့ဝင်ဟောင်း မိဖုရား ဆုသီဒါကိုလည်း တွေ့ရပါတယ်။

အဆိုပါ လွှတ်တော်ဆီ သံတမန်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly