ပုခုံးဒဏ်ရာကြောင့် စပိန်အသင်း ၏ခြေစစ်ပွဲနှစ်ပွဲကို ရာမို့စ်လွဲချော်

ပုခုံးဒဏ်ရာကြောင့် စပိန်အသင်း ၏ခြေစစ်ပွဲနှစ်ပွဲကို ရာမို့စ်လွဲချော်

အောက်တိုဘာ ၇၊ မက်ဒရစ် ။          ။ ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်ရန်တစ်မှတ်သာလိုတော့သော စပိန်လက်ရွေးစင်အသင်းမှ ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်သည် ပုခုံးဒဏ်ရာကြောင့် ခြေစစ်ပွဲနှစ်ပွဲကို လွဲချော်မည်ဖြစ်သည်။

ရာမို့စ်သည် အင်္ဂါနေ့တွင် လက်ရွေးစင်အသင်းလူစာရင်း၌ပါဝင်လာခဲ့သော်လည်း အသင်းဆရာဝန်များ၏အကြံပေးချက်အရအနားယူရမည်ဖြစ် ရာ ၎င်း၏နေရာတွင် နာချိုဖာနန်ဒက်ဇ်နှင့် အစားထိုးရန်လျာ ထားသည်ဟု စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ရာမို့စ်သည် ရှက်တာဒိုးနက်စ်နှင့် ကစားသည့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ပုခုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး တစ်လခန့်အထိ အနားယူရဖွယ်ရှိနေသည်။

အသင်းလေ့ကျင့်ခန်းအစီအစဉ်သို့ရောက်လာခဲ့သော်လည်း အနားယူသင့်သည်ဟု အသင်းဆရာဝန်များက ဆုံးဖြတ်ခဲ့သည်။

"ကျွန်တော့်ဒဏ်ရာက လေးပတ်လောက်နားရနိုင်ပေမယ့် နှစ်ပတ်ကျော်လောက်နဲ့ပြန်ကစားနိုင်အောင် ကြိုးစားမယ်။ အသင်းအတွက်ကစား ပေးချင်ပေမယ့် နည်းပြတွေ၊ ဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်ကို လိုက်နာရပါမယ်"ဟု ရာမို့စ်က ပြောကြားခဲ့သည်။

ရာမို့စ်သည် စပိန်လက်ရွေးစင်အသင်း၏ ပွဲစဉ်နှစ်ပွဲဖြစ်သော လူဇင်ဘတ်၊ ယူကရိန်းတို့နှင့်ပွဲများကို လွဲချော်မည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly