ကက်ရှ်မီးယား၊ မေ ၁၄ ။ ။ အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသမှာ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မ ပြုကျင့်ခံရတာကြောင့် ဆန္ဒပြမှုတွေ နေရာတော်တော်များများမှာ ဖြစ်ပွားပါတယ်။
အဲဒီ ဆူပူဆန္ဒပြမှုတွေမှာ အစိုးရတပ်တွေနဲ့ ထိပ်တိုက်တွေ့မှုတွေပါ ရှိလာတာကြောင့် လူဒါဇင်လောက်လည်း ထိခိုက်ဒဏ်ရာရကြောင်း ရဲက ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကလေးမလေးကို အိမ်နီးချင်း ကားပြင်ဆရာတစ်ဦးက ဖြားယောင်းခေါ်ဆောင်ပြီး စာသင်ကျောင်းနားက အိမ်သာထဲမှာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာပါ။
သီရိနာဂါမြောက်ပိုင်း ဆမ်ဘယ်အရပ်မှာ ဖြစ်ပွားတဲ့ ဒီမူခင်းမှာ ကျူးလွန်တဲ့ အသက် ၂၀ ယောက်ရှိသူ အဲဒီ ကားပြင်ဆရာကို ဖမ်းဆီးထားပါတယ်။
အဲဒီ ကျူးလွန်သူကို အခြားကျောင်းတစ်ကျောင်းက ကျောင်းအုပ်ဆရာကြီးက သူဟာ အသက်မပြည့်သေးသူဖြစ်ကြောင်း ထောက်ခံချက် ပေးလိုက်တာကြောင့် စိတ်ဆိုးဒေါသထွက်မှုတွေ ဖြစ်ပွားပေါ်ပေါက်ပြီး တနင်္လာနေ့မှာဆိုရင် ကက်ရှ်မီးယားတောင်ကြားတစ်လျှောက် ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာတော့တာ ဖြစ်ပါတယ်။
မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရော်ဘာကျည်တွေ သုံးပြီး ဖြိုခွင်းတာကြောင့် အစိုးရတပ်ဖွဲ့ဝင်တွေ အပါအဝင် လူ တစ်ဒါဇင်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲမှူး ဆွာယမ်ပါနီက ပြောပါတယ်။
“ဒဏ်ရာရသူမှာ တစ်ဦးက တော်တော်လေး စိုးရိမ်ရတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။