အီရန်နဲ့ အမေရိကန် တင်းမာနေချိန် ဆော်ဒီ ရေနံတင်သင်္ဘောကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်

အီရန်နဲ့ အမေရိကန် တင်းမာနေချိန် ဆော်ဒီ ရေနံတင်သင်္ဘောကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်

ရီယတ်၊ မေ ၁၃ ။          ။ ဆော်ဒီအာရေဗျနိုင်ငံရဲ့ ရေနံတင်သင်္ဘော အမ်မဂျက်ဟာ ယူအေအီးနိုင်ငံမှာ ကျောက်ချရပ်နားစဉ်ချိန် တိုက်ခိုက်ခံရကြောင်း ဆော်ဒီနဲ့ ယူအေအီးနိုင်ငံတို့က တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ရဲ့ တင်းမာမှု အရှိန်မြင့်နေချိန် ဒေသတွင်း လှုပ်ခတ်လျက်ရှိနေချိန်မှာ ယူအေအီးနိုင်ငံက ဖူဂျီရတ်ဆိပ်ကမ်းမှာ ဆော်ဒီရေနံတင်သင်္ဘော တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဒါဟာ ရည်ရွာယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာဖြစ်ပြီး ဒီတိုက်ခိုက်မှုအတွင်း ရေနံတင်သင်္ဘောနှစ်စင်း ပျက်စီးခဲ့ရတယ်လို့ ဆော်ဒီနိုင်ငံကတော့ ထုတ်ပြန်ပါတယ်။

ဒီလို ရေနံတင်ယာဉ်တွေကို တိုက်ခိုက်မှုတွေဟာ အီရန်နဲ့ အမေရိကန်ကြား တင်းမာမှု မြင့်တက်နေချိန်မှာ ဖြစ်ပွားပေါ်ပေါက်လာတာဖြစ်ပြီး ဒီအတွက် ရေနံစျေး မြင့်တက်ခဲ့ပါတယ်။

ကမ္ဘာ့ရေနံ ထောက်ပံ့မှုကို အမျှင်ပြတ်အောင် ရည်ရွယ်ချက်ရှိရှိနေနဲ့ တိုက်ခိုက်နေကြတာဖြစ်တယ်လို့ ဆော်ဒီနိုင်ငံက ပြောဆိုရှုတ်ချပါတယ်။

အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံကြား သမိုင်းဝင် ရရှိထားတဲ့ ၂၀၁၅ အီရန်နျူကလီးယားသဘောတူညီမှုကနေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နုတ်ထွက်လိုက်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ကျင့်သုံးလာချိန်ကစလို့ တင်းမာမှုတွေ မြင့်မားနေတာပါ။

အမေရိကန်ရဲ့ တပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေကို အီရန်က ခြိမ်းခြောက်နေပြီဆိုရင်း အမေရိကန်ဟာ လေယာဉ်တင်သင်္ဘောနဲ့ ဒုံးခွင်းဒုံးတွေကို အရှေ့အလယ်ပိုင်းမှာ ဖြန့်ကြက်ထားချိန်လည်း ဖြစ်ပါတယ်။

ခုလို အမေရိကန်ရဲ့ စစ်ရေးတပ်ဖြန့်လာပြီးနောက်မှာ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အီရတ်ကျူးကျော်စစ်ကထက် ပိုမိုကြမ်းတမ်းမှုတွေကို ရင်ဆိုင်ရနိုင်တာကြောင့် အီရန်အနေနဲ့ သွေးစည်းညီညွတ်ကြဖို့ ဆော်သြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly