ဗီယက်နမ် နာမည်ကျော် ပင်လယ်အော်မှာ ရဟတ်ယာဉ်စီးပြီး ရှုခင်းကြည့်နိုင်မယ့် ဝန်ဆောင်မှု စတင်ကမ်းလှမ်း

ဗီယက်နမ် နာမည်ကျော် ပင်လယ်အော်မှာ ရဟတ်ယာဉ်စီးပြီး ရှုခင်းကြည့်နိုင်မယ့် ဝန်ဆောင်မှု စတင်ကမ်းလှမ်း

မေ ၁၂ ။          ။ ဗီယက်နမ်နိုင်ငံက နာမည်ကျော် ဟာလောင်း Ha Long ပင်လယ်အော်ကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားအများစုကတော့  အဆိုပါ ယူနက်စကို စာရင်းဝင် မြစိမ်းရောင် ရှေ့ဟောင်းအမွေအနှစ် ပင်လယ်အော်အတွင်း အပျော်စီးသင်္ဘောကြီးတွေစီးပြီး သွားလာလည်ပတ်နိုင်မယ့် ခရီးကို ရွေးချယ်ကြပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မေလ ၁၀ ရက်က စလို့ ယင်း ပင်လယ်အော် ဒေသကို လာလည်တဲ့ ခရီးသွားတွေအနေနဲ့ ဟယ်လီကော်ပတာကိုစီးပြီး ယင်းဧရိယာရဲ့ နာမည်ကျော် ရှုခင်းမြင်ကွင်းတွေကို ဝေဟင်ထက်ကနေ မြင်တွေ့ခံစားလို့ ရတော့မှာဖြစ်ပါတယ်။

လူငါးဦး ဆံ့ ဟယ်လီကော်ပတာယာဉ်က အမြင့်ပေ ၁,၀၀၀ လောက်အထိ ပျံတက်ပြီး ခရီးသွားဧည့်သည်တွေကိုလည်း ယင်း ဧရိယာအတွင်းရှိ ထုံးကျောက် တာဝါတွေ၊ အပျော်စီးသင်္ဘောတွေ၊ တစ်ခြား ရှုခင်းတွေကို ဝေဟင်ထက်နေ ရှုမြင်ခံစားလို့ရအောင် ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။

၁၂ မိနစ် ကြာ ခရီးစဉ်တစ်ခုကို ၁၂၅ ဒေါ်လာကနေ စပြီး ကျသင့်မယ့် ခရီးစဉ်တွေကို ပြေးဆွဲပေးခြင်းအားဖြင့် လက်ရှိကာလမှာ ဗီယက်နမ်ကို လာရောက်လည်ပတ်တဲ့ ခရီးသွား ဦးရေး တိုးပွားလာနေမှုအပေါ် အခွင့်ကောင်းယူအသုံးချဖို့ ရည်ရွယ်တယ်လို့ ဟယ်လီကော်ပတာ ကုမ္ပဏီ Bell က ပြောပါတယ်။

“ တရုတ် စီးပွားရေး တိုးတက်မှု နဲ့အတူ ခင်ဗျားတို့အနေနဲ့ ဒီ နိုင်ငံကို ခရီးသွားတွေ ပိုမို လာရောက်လည်ပတ်နေလျက် ရှိတာကို ခင်ဗျားတို့ တွေ့ရနိုင်ပါတယ်” လို့ Bell ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မန်နေးဂျင်း ဒါရိုက်တာ ဒေးဗစ် ဆေးလ်က ပြောပါတယ်။

ဗီယက်နမ်ကို လာရောက်လည်ပတ်တဲ့ ခရီးသွား ဦးရေကတော့ ယမန်နှစ်တုန်းက ၂၀ ရာခိုင်နှုန်းနီးပါးအထိ တိုးတက်လာခဲ့ပြီး ယင်းတို့အနက် သုံး ပုံတစ်ပုံကတော့ အိမ်နီးချင်း တရုတ်နိုင်ငံကနေ လာရောက်တဲ့ ခရီးသွားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဟာလောင်း ပင်လယ်အော်ကလည်း နိုင်ငံမှာ အကျော်ကြားဆုံး ခရီးသွားနေရာတစ်ခု ဖြစ်ပြီး နေ့စဉ် အပျော်စီး ရေယာဉ်  ၅၀၀ ခန့်အထိ ပြေးဆွဲနေလျက်ရှိပြီး အသစ်ဖွင့်လှစ်လိုက်တဲ့ လေဆိပ်တစ်ခုကလည်း ယင်းဒေသဆီ ခရီးသွား လာရောက်မှုကို  ပိုမိုထောက်ကူပေးနေလျက် ရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly