အာဂျင်တီးနား လွှတ်တော်အနီး သေနတ်ပစ်ခတ်မှု သံသယရှိသူတစ်ဦးအား ဖမ်းမိထား

အာဂျင်တီးနား လွှတ်တော်အနီး သေနတ်ပစ်ခတ်မှု သံသယရှိသူတစ်ဦးအား ဖမ်းမိထား

မေ ၁၀ ။      ။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ် မြို့ရှိ ကွန်ဂရက်လွှတ်တော်အနီးမှာ မေလ ၉ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီး တစ်ဦး သေဆုံးကာ အခြားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ယခုအခါ ယင်းပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတစ်ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အဆိုပါ သေနတ်ပစ်ခတ်မှုမှာတော့ လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဟက်တာ အိုလီဗာရီစ် နဲ့ အစိုးရအရာရှိ မီဂွယ်လ် ယာဒွန်တို့ နှစ်ဦး ပစ်မှတ်ထား တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

၎င်းတို့ နှစ်ဦးဟာ ယင်းနေ့က ကွန်ဂရက်အနီး လမ်းလျှောက်လာနေတုန်း ကားတစ်စီးနဲ့ ရောက်လာတဲ့ သေနတ်သမားနှစ်ဦးက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ယာဒွန် သေဆုံးသွားပြီး လွှတ်တော် အမတ် အိုလီဗာရီစ်ကတော့ အပြင်းအထန် ဒဏ်ရာရပြီး ခွဲစိတ်ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ သေနတ်သမားနှစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ယခုအခါ သေနတ်သမားနှစ်ဦး စီးနင်းလာတဲ့ ကားကို မောင်းနှင်ခဲ့သူ ဒရိုင်ဘာဖြစ်သူကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ယခု ဖြစ်စဉ်နဲ့ပတ်သက်လို့ အမှန်တရား ပေါ်ပေါက်ရေး အပြည့်အဝ စုံစမ်းဖော်ထုတ်သွားမယ်လို့ အာဂျင်တီးနား သမ္မတ မော်ရီစီယို မာခရီက ပြောကြားသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly