ကွန်ဂိုတွင် အီဘိုလာဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ထိ ရှိလာ

ကွန်ဂိုတွင် အီဘိုလာဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ထိ ရှိလာ

မေ ၇   ။         ။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အီဘိုလာရောဂါ ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၁,၀၀၀ ကျော် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ယင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယင်းနိုင်ငံမှာ ယမန်နှစ် သြဂုတ်လက စပြီး အီဘိုလာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါဟာ သမိုင်းမှာ ဒုတိယမြောက် လူအသေအပျောက် အများဆုံး ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၆ အကြား အနောက်အာဖရိကမှာ ယင်း အီဘိုလာဖြစ်ပွားမှုကြောင့် လူပေါင်း ၁၁,၃၀၀ ကျော်အထိ တောင် သေဆုံးခဲ့ရပါတယ်။

ဒီ ရောဂါနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်မှု လုပ်ဖို့ ပြည်သူတွေဘက်က အယုံအကြည်မရှိမှု၊ ပဋိပက္ခတိုက်ပွဲတွေ ဖြစ်ပွားနေမှု တို့ကြောင့် ဒီ အီဘိုလာ တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုတွေအပေါ် နှောင့်နှေးကြန့်ကြာစေလျက် ရှိပါတယ်။

လက်ရှိမှာ ယင်းနိုင်ငံ အရှေ့ခြမ်းမှာ ဒီ အီဘိုလာရောဂါ ပြန့်နှံ့ကူးစက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အီဘိုလာ ကာကွယ်ဆေးသစ် တစ်မျိုးကြောင့် ကွန်ဂိုမှာ ဒီ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကနဦး ပိုင်းတုန်းကတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ထားခဲဲ့ပါသေးတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ ယင်းနိုင်ငံမှာ လုံခြုံရေး စိတ်မချရမှု၊ ဘဏ္ဍာငွေအရင်းအမြစ် ရှားပါးမှုတို့ကြောင့် ရောဂါတိုက်ဖျက်ရေး အားထုတ်မှုတွေအပေါ် သိသိသာသာ ထိခိုက်စေလျက်ရှိတယ်လို့ WHO တာဝန်ရှိသူတွေက ဝန်ခံသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly