နိုင်ငံတော်သမ္မတက မေလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် တတိယအကြိမ်မြောက် လွတ်ငြ်ိမ်းသက်သာခွင့် ထပ်မံပေးခဲ့ရာ ထောင်ဒဏ် ၇ နှစ်စီကျခံနေရသည့် ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦး အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူ ၆၅၂ဝ ဦးကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ နိုင်ငံတော်သမ္မတက ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းဖြစ်သည်။