ထိုင်းဘုရင်သစ် ဘန်ကောက်မြို့ထဲ တိုင်းခန်းလှည့်လည် ကြည့်ရှု

ထိုင်းဘုရင်သစ် ဘန်ကောက်မြို့ထဲ တိုင်းခန်းလှည့်လည် ကြည့်ရှု

မေ ၆ ။      ။ ထိုင်းဘုရင်သစ် မဟာ ဝီဇယလောင်ကွန်းဟာ ယမန်နေ့ မေလ ၅ ရက် ညနေပိုင်း ဒေသစံတော်ချိန် ၅ နာရီခန့်မှာ ဘန်ကောက်မြို့တွင်းမှာ တိုင်းခန်းလှည့်လည်ခဲ့ရာ ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ဒီလိုမျိုး ကြုံရခဲတဲ့ သမိုင်းဝင် အခမ်းအနားတစ်ရပ်ကို ကြည့်ရှုဖို့အတွက်  ပြည်သူအများအပြားလည်း လမ်းတွေပေါ်မှာ တန်းစီစုဝေးရောက်ရှိနေခဲ့ကြပါတယ်။

ဘုရင်သစ် မဟာ ဝီဇယလောင်ကွန်း တိုင်းခန်းလှည့်လာတာကို ကြည့်ရှုဖို့အတွက် လမ်းတွေမှာ တန်းစီ စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေကလည်း “ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ” ဆိုပြီး အော်ဟစ်ဆုတောင်းပေးခဲ့ကြပါတယ်။

ဒီ ၇ ကီလိုမီတာ စီတန်းလှည့်လည်မှုကတော့ သက်တော် ၆၆ နှစ်ရှိ ထိုင်းဘုရင် မဟာ ဝီဇယလောင်ကွန်း ထီးနန်းဆက်ခံပြီး ၂ နှစ်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြည်သူတွေနဲ့ နီးနီးကပ်ကပ် တွေ့ဆုံနှုတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

မေလ ၄ ရက်စပြီး သုံးရက်တာ ကျင်းပတဲ့ ထီးနန်းတက်ပွဲ အခမ်းအနားကတော့ ဘုရင်သစ် မဟာ ဝီဇယလောင်ကွန်းရဲ့ ဖခမည်းတော် ဘုရင်ကြီး ဘူမိဘော ၁၉၅၀ က နန်းတက်ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည် ကျင်းပတဲ့ နန်းတက်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly