ဂါဇာစီးတီး၊ မေ ၆ ။ ။ ပါလက်စတိုင်းဖက်က အစ္စရေးမြို့တွေဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်လာပြီးနောက်မှာ အစ္စရေးစစ်တပ်ဟာ မေ ၅ ရက်မှာ ဂါဇာကမ်းမြောင်ဒေသမှာ လက်တုံ့ပြန် တိုက်ခိုက်မှုတွေကိုဆင်နွဲပါတယ်။
အသေအဆုံးများတဲ့ တင်းမာမှု တိုက်ပွဲတွေဟာ အရှိန်နှေးသွားမယ့် အရိပ်အယောင်မရှိဘဲ စစ်ပွဲဖြစ်မယ့်အထိ စိုးရိမ်စရာ ဖြစ်နေပါတယ်။
ဂါဇာဖက်ကနေ စနေနေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတာကို တုံ့ပြန်တဲ့ အစ္စရေးရဲ့ ထိုးစစ်မှာ စစ်သွေးကြွ သုံးဦးအပါအဝင် ပါလက်စတိုင်း ကိုးဦး သေဆုံးကြောင်း ဂါဇာဒေသအာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးကတော့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးတာကို ငြင်းဆန်ပေမယ့် ဟားမတ်စ်အဖွဲ့ကို အပြစ်ဆိုးထားပါတယ်။
အစ္စရေးတောင်ပိုင်းမှာ တနင်္ဂနွေနေ့က ဂါဇာက ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်မှုအတွင်း သုံးဦးသေဆုံးတယ်လို့ သိရပါတယ်။ တစ်ဦးကတော့ အစ္စရေးနိုင်ငံသားဖြစ်တယ်လို့ အတည််ပြုပေမယ့် ကျန််နှစ်ဦးဟာ ဘယ်နိုင်ငံသားဆိုတာကို ရဲဌာနက ထုတ်ပြန်ခြင်း မရှိပါဘူး။
ဂါဇာကမ်းမြောင်က အကြမ်းဖက်အအဖွဲ့တွေကို အကြီးစားတိုက်ခိုက်မှုတွေ ဆက်လက်ဆင်နွှဲဖို့ စစ်တပ်ကို ညွှန်ကြားထားကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ပြောခဲ့ပါတယ်။