အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း (၂)

By မျိုးသန့်(မဇ္စျိမ)
04 May 2019
အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း (၂)

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား။ ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံမေးမြန်းသွားမှာကတော့ ဆရာကိုတာ ဖြစ်ပါတယ်။ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိကကျောင်းတွေရဲ့ မတူညီပုံတွေ၊ PLC စနစ်ကို အစိုးရကျောင်းတွေမှာ ဘာကြောင့် လုပ်သင့်တယ်ဆိုတဲ့ အကြောင်း၊ ဆရာ/ဆရာမတွေဟာ စာအမြဲဖတ်ဖို့လိုကြောင်း၊ ကျောင်းသားတွေရဲ့ စာမေးပွဲကိစ္စတွေနဲ့ မိခင်ဘာသာစကားကို သင်သင့် မသင်သင့် စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မေး။ ။ ပုဂ္ဂလိကကျောင်းနဲ့ အစိုးရကျောင်း။ အစိုးရဝန်ထမ်းပေါ့နော်၊ ပညာရေးဝန်ထမ်းပေါ့။ ဆိုတဲ့အခါကျတော့ အခုဆရာပြောတဲ့အထဲမှာ ကျွန်တော်တို့က ခွဲကြည့်တာပေါ့နော် ။   အစိုးရဝန်ထမ်း ပညာရေးဝန်ထမ်းတွေဆိုလို့ရှိရင် သင်တန်းတွေဘာတွေတက်တယ်။ ပုဂ္ဂလိက ကျောင်းဆရာ ဆရာမတွေကျတော့ရော ဘယ်လိုသင်တန်းတွေပေးနေလဲ။

ဖြေ။ ။ ကိုယ့်ဟာကိုယ် ပေးတာပေါ့ဗျာ၊ ကျွန်တော်တို့ အမြဲတမ်းလုပ်နေတာပေါ့လေ။ ဆရာဆိုတာ ဆရာအရည်အသွေးတက်အောင် ကိုယ့်ဟာကိုယ်လုပ်လို့လည်းရတယ်လေ။ ဥပမာဆိုပါစို့ ကျွန်တော်တို့ ကျောင်းမှာဆိုလို့ရှိရင် PLC ဆိုပြီးတော့ လုပ်တယ်၊ Professional Learning community  ပေါ့၊ အဖွဲ့လေးရှိတယ်။ အဲ့ဒါလေးက သောကြာနေ့တိုင်း မနက် ၈နာရီကနေ ၉နာရီပေါ့ ။ ဆရာက ဒီလိုသင်မယ် သူကတော့ ဒီလိုလုပ်မယ်ပေါ၊ သင်နည်းတွေက ရှိတယ်ဗျ။ ဥပမာဆိုပါတော့ lession study group တို့ အဲ့ဒါမျိုးတွေရှိတယ်။ နောက်တစ်ခုက သချင်္ာဆိုရင် Number Stock တို့ ဘာတို့လေ ဒီလိုဟာတွေရှိတယ်ဗျ၊ အဲ့ဒါတွေကို အမြဲတမ်းလုပ်ရတယ်။ ဘာလို့ဆို ဆရာတွေဆိုတာလည်း ဒီပုပ်ထဲက ဒီပဲတွေဗျ၊   ဒီပညာသည် ဒီထဲကနေ ထွက်လာတာ။ အဲ့ဒီတော့ တစ်ခြားနိုင်ငံက လူတွေပေါ့လေ၊ ပညာရေးနဲ့ပတ်သက်လို့လာလို့ဆိုရင် ကျွန်တော်တို့က ဖိတ်ကြားပြီးတော့ပေါ့။ ဒါလေးတွေ ဘယ်လိုသင်တာ၊ ဥပမာ အခုဆိုရင်ဗျာ ဆရာဦးစောလူပေါ့၊ မြန်မာစာပါမောက္ခကြီးပေါ့။ ဆရာတို့ လာလို့ရှိရင် ကျွန်တော်တို့ဆီက မြန်မာစာသင်ကြားရေးနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ ဆရာတွေနဲ့ မြန်မာစာတွေကို လွယ်အောင်ဘယ်လိုမလဲ၊ ဘယ်လိုသင်မလဲ၊ လွယ်အောင်ဆိုတာ ရောက်အောင် ဘယ်လိုလုပ်မလဲပေါ့၊ အဲ့ဒါကတော့ အခုကျွန်တော်တို့ တစ်ပတ်လောက်ပေါ့လေ၊ ဆရာတွေကို သင်ပေးမယ် ဒီလိုလုပ်ရတယ်ဗျ။ သင်ကြားရေးအလိုလိုနဲ့ တတ်တာတော့မဟုတ်ဘူး ဆရာဖြစ်တာနဲ့ အလိုလိုတတ်တာတော့ မဟုတ်ဘူး။ ဆရာလည်းအမြဲတမ်း သူ့ကိုယ်သူ ပြန်ပြီးတော့လေ သူဟာသူ ပြန်ပြီးတော့ polish လုပ်နေမှ သူ့ဟာသူ တိုးတက်ရာ တိုးတက်ကြောင်းလုပ်နေမှ ဒါမှလည်း မီမှာပေါ့လေ။ ဒီတိုင်း ဒီကနေပြီးတော့ လွန်ခဲ့တဲ့ ဘယ်နှစ်နှစ်က ဆရာကြီးဖြစ်၊ ဒီတိုင်းပဲဆိုရင် အဲ့ဒါ အဲ့ဒီလိုမဟုတ်ဘူးလေ၊ အဲ့ဒီလိုမဟုတ်အောင် သူတို့ကတော့ လုပ်ရတာပေါ့လေ ။ အမှန်ကတော့ ကျွန်တော်တို့က ပုဂ္ဂလိက ပညာရေးဥပဒေ ဆိုတာထွက်ရမှာ၊ အဲ့ဒါ ကျွန်တော်သိသလောက်ကတော့ အရင်အစိုးရ ဦးသိန်းစိန်လက်ထက်က ထွက်ဖို့၊ အဆုံးသတ်ဖို့ပဲ ကျန်တော့တယ်။ ကျွန်တော် သိသလောက်ကတော့ အမျိုးသားလွှတ်တော်တောင်မှာ ရောက်နေပြီထင်တယ်။ အခုထက်ထိက သုံးနှစ်ကြာတယ်ဗျာ၊ အခုဆိုရင် ဒီအစိုးရတစ်ခုတည်းကပေါ့ ဒီပညာရေးဌာနကဆို ဒီတိုင်းပဲထမ်း နေရတယ်၊ တစ်ခြား ဘယ်နိုင်ငံမှာဖြစ်ဖြစ် နိုင်ငံအများစုမှာပေါ့လေ ပုဂ္ဂလိက ပညာရေးလည်းရှိတယ်၊ အစိုးရပညာရေးလည်းရှိတယ်။ ကျွန်တော်တို့က တစ်ခုတည်းထမ်းနေလို့ရှိရင် ဝန်လေးတာပေါ့ဗျာ၊ ပြီးရင်လည်း အရည်အသွေးတက်ဖို့ကို ခက်တယ်ပေါ။့ ပုဂ္ဂလိကတွေကိုလည်းပဲ သူ့ဟာနဲ့သူ လုပ်ပါစေဆိုတဲ့ စိတ်ကူးလေးပေါ့၊ လုပ်ခွင့်ပေးဖို့ဆိုတဲ့ စေတနာလေးပေါ့ဗျာ၊ သူတို့မှာတော့ အတူတူလုပ်ကြမှာပဲပေါ့လေ။ အဲ့ဒါမျိုးလေး မြန်မြန်လေးလုပ်ပေးရင်တော့ ပိုပြီးတော့ ပုဂ္ဂလိက ပညာရေးကိုလည်း ပြန်ပြီးတော့ စောင့်ကြည့်လို့ရတယ်လေ၊ စောင့်ကြည့်တယ်ဆိုတာ မော်နီတာ လုပ်လို့ရတယ်လို့ ပြောတာပါ။ ဥပမာ ကျွန်တော်တို့လည်း အခြခံပညာရေးဥပဒေထဲမှာ ပါတာလေ၊ quality sure system ပေါ့။ အရည်အသွေးစမ်းစစ်တဲ့ စနစ်ကို ဖွဲ့ရမယ်ပေါ့။ အရည်အသွေး စောင့်စစ်တဲ့စနစ်၊ အရည်အသွေးကို အာမခံတဲ့ဟာ ရှိနေပြီလို့တော့ ပြောတယ်။ ဒီဟာက ဘယ်လောက်အလုပ်ဖြစ်မလဲ ကျွန်တော်တို့ မသိရဘူး။ အလုပ်ဖြစ်ပါစေလို့ ကျွန်တော်တို့ ဆုတောင်း တယ်။ ဒါမှ ကျွန်တော်တို့ ကျောင်းတွေကို အကြံဉာဏ်ပေးနိုင်မှာ လိုတာလေးကို ဖြည့်ပေးနိုင်မှာ၊ ပြီးရင်လည်း မင်းတို့ ဒါမျိုးလုပ်ကြလို့ ညွန်ကြားနိုင်မှာ ပြီးလို့ရှိရင် ပြည်သူလူထုကို publish လုပ်နိုင်မှာ။ ပြည်သူလူထုက ဒါမှ ရွေးလို့ရမှာပေါ့ဗျာ ။ အဲ့ဒါက အရမ်းအရေးကြီးတာပဲ။ ခင်ဗျားတို့ ခုနကပြောတဲ့ ပညာရေးမြင့်တင်တဲ့အထဲမှာ ဒါတွေပါတာပေါ့။ အခု ကျွန်တော်တို့ဒါကို ဘယ်လောက် အလုပ်ဖြစ်အောင် လုပ်သလဲပေါ့လေ။ ကျွန်တော်လုပ်စေချင်တာ။ ဒါပေမယ့် အရည်အသွေး မြင့်တင်ရေးကော်မတီဆိုတာကို ဖွဲ့တဲ့အခါမှာလည်း လူသူလေးပါး လေးစားတဲ့ပုဂ္ဂိုလ်တို့  independence  ဖြစ်တဲ့သူတွေပေါ့။ နောက် သူ့ကိုယ်ပိုင်အတွေးအခေါ်လည်း ရှိတယ်ပေါ့လေ။ နောက်တစ်ခုက တကယ်လည်း လူထုက လေးစားတဲ့လူတွေ၊ တတ်လည်း တတ်တဲ့လူတွေ ပါပြီးတော့ လုပ်ရမှာပေါ့။

မေး။ ။ ဆရာခုန ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားစရာတစ်ခုကောင်းတာက Professional Learning community လို့ခေါ်တဲ့ ဒီကျောင်းမှာပေါ့နော်၊ အဖွဲ့လေးဖွဲ့ထားတယ် ဆိုပြီးတော့မှ ကိုယ်ကိုယ်တိုင် Update လုပ်တဲ့ဟာပေါ့နော်၊ ဆိုတော့ ကျွန်တော်တို့ ဒီအစိုးရကျောင်းတွေမှာရော အဲ့ဒီလိုမျိုး လွယ်လွယ်ကူကူလုပ်လို့ရနိုင်တဲ့ အလိုမျိုးလေး လုပ်လို့မရနိုင်ဘူးလား ဆရာ။ ဘယ်လိုမျိုး အကြံပေးချင်လဲဆရာ။

ဖြေ။ ။ လုပ်ရင်ကောင်းတာပေါ့၊ လုပ်ရင်ကောင်းတယ်ဆိုတာ PLC က တကယ့်တကယ်တော့ စနစ်ပဲဗျ၊ စနစ်တစ်ခုတည်ဆောက်တာပဲလေ။ အဲ့ဒီလို စနစ်လေးတစ်ခု ရှိဖို့ဆိုရင် သူက အကုန်လုံးက စိတ်ဝင်စားအောင်လုပ်ရတာ။ ဥပမာ ကျွန်တော်က PLC လုပ်မယ်ဆိုရင် သူတို့အားလုံး လာနိုင်တဲ့အချိန်မျိုးပေါ့၊ သိပ်အကြာကြီးလည်း လုပ်လို့တော့ မရဘူးပေါ့ သူတို့ ကျန်တဲ့အလုပ်တွေ ရှိသေးတာကိုး။ ကျောင်းဆရာဆိုတော့ ကျွန်တော်တို့က မနက်ပိုင်းလေး၊ အဲ့ဒီနေ့လေးကို စောစောစီးစီး လာပါလို့ ပြောပါတယ်၊ ကျောင်းကို လာဖို့ကိုလည်း ဥပမာဆိုပါစို့ ဘတ်စ်ကားနဲ့ လာမယ်ဆိုရင်တော့ ဘတ်စ်ကားစရိတ် ပေးမယ်ပေါ့၊ ကျောင်းက ဆရာတွေကို တစ်ခါတည်း သူတို့မနက်စာ မစားရသေးရင် မနက်စာစားအောင် စီစဉ်ပေးရတာပေါ့။ ကျောင်းကအလုပ်တွေက ဘာလို့ဆို ဘာမှ ကိုယ်ခိုင်းလို့ လာတာမဟုတ်ဘူး၊ သူတို့ဟာ သူတို့လာတာဖြစ်ရမယ်။ အဲ့ဒီလိုမတိုင်ခင်ကလည်း PLC မတိုင်ခင်မှာ စာအုပ်တွေကလည်း ရှိရတာပေါ၊့ ဒီစာအုပ်တွေတော့ရှိတယ်။ ဒါလေးဖတ်ပါလား ၊ ဟိုဟာလေးဖတ်ပါလား၊ ဒီဟာလေး ဆွေးနွေးကြပါလားပေါ့။ ဒါမျိုးတွေအကုန်လုံး လုပ်ပြီးတော့ သူတို့အကုန်လုံးကလည်း သိပြီ၊ တတ်ပြီဆိုမှ အဲ့ဒီအခါကျမှ တစ်ယောက်ယောက်ကနေပြီးမှ ဦးဆောင်ဆွေးနွေးတာတွေ ဘာတွေရှိတယ်။ သူကလည်း အဲ့ဒီဟာကို သေချာပြင်ရတာပေါ။ တစ်လနှစ်လလောက် အချိန်ယူရတယ်။ ဒါမှမဟုတ်ရင် တစ်ယောက်တည်းမဟုတ်ဘူး၊ နှစ်ယောက် သုံးယောက် ပေါင်းပြီးတော့ လုပ်တယ်။ ဥပမာဆိုပါတော့ ကျွန်တော်တို့ ရပ်စတိတ် ဆိုပြီး ခေါ်တယ်ဗျာ။ ကလေးတစ်ယောက် ဘယ်လောက် ဘယ်အရွယ်မှာ ဘယ်လောက်လောက် တတ်ရမယ်ပေါ့။ ကလေးအကြောင်းကိုသိအောင် ရပ်စတိတ် ဖတ်မယ်ဆို အဲ့ဒီ အိတ်ဇမ်းစစ် စာအုပ်ကို အစကလည်းရှိတာပေါ့လေ။ အဲ့ဒီစာအုပ်ကိုလည်း ကော်ပီ နှစ်ခုသုံးခုခွဲပြီးတော့ အဲ့ဒီလိုဖတ်ကြ၊ ဖတ်ပြီးတော့ တစ်ခါပြန် နမ်းဘားစတော့ ဆိုရင်လည်း နမ်းဘာသုံး စာအုပ်နှစ်ခု သုံးခု။ ဒါမှမဟုတ် သချင်္ာကို ငါတို့ ဒီလိုသင်မယ်ပေါ့လေ။ မြန်မာစာကို ဒီလိုလုပ်မယ်ပေါ့၊ ကဗျာကို ဒီလိုသင်မယ်ပေါ့လေ။ ခေါင်းစဉ်လေးတွေ နည်းနည်း၊ အဲ့ဒီလိုလေး လုပ်ကြည့်ပါ၊ ကျောင်းက အတန်းထဲမှာ သင်သလို ဒီမှာ သင်ရအောင်ပေါ့ တစ်ချို့စာအုပ်ဆိုရင် ဥပမာဆိုပါတော့ screen time ဆိုတာရှိတယ်။ အခုအချိန်မှာ ကလေးက စာမဖတ်ဘူး၊ အပြင်စာလည်း မဖတ်ဘူး၊ ကျောင်းစာလည်းမဖတ်ဘူးဆို screen time ကို ဘယ်လိုလျှော့မလဲပေါ။့ screen time ဆိုတာက တီဗီတွေဘာတွေကြည့်တဲ့ဟာတို့ ဖုန်းတွေပွတ်တာတို့၊ အိုင်ပက်တွေ ဘာတွေ မသုံးအောင် ဘယ်လိုလုပ်ကြမလဲပေါ့၊ အဲ့ဒါမျိုးဆိုရင် မိဘတွေပါ လာပြီးတော့ တက်ချင်တက်ပေါ့။ ဥပမာ free trip တွေသွားတယ်၊ free trip သွားပုံသွားနည်းကို ။ ဆိုပါတော့ 45 minutes free trip ဒါကို လုပ်ပုံလုပ်နည်း တတ်တဲ့ လူတစ်ယောက်က လာပြီလို့တော့ ပြောတယ်။   အဲ့ဒါနဲ့ တစ်ချို့ မိဘတွေလည်း ပါတယ်ပေါ့လေ၊ ဒါမှကလေးနဲ့အတူ သွားတာပေါ့။ ဒါမျိုးတွေလုပ်ရတာပေါ့။ အဲ့ဒီလိုလုပ်ပြီးတော့ ဆရာရဲ့ အရည်အသွေးကို တိုးတက်အောင် လုပ်တာပါ။ အစိုးရကျောင်းတွေမှာ လုပ်စေချင်တာပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော်တို့က အစိုးရကျောင်းတွေကို တို့လို့မှမရတာ။ လက်ဖျားနဲ့တောင် တို့လို့မရဘူး။

မေး။ ။ ဆရာပြောသွားတဲ့အထဲမှာ ကျောင်းတွေကို ဆောက်ပေးတာရှိတယ်။ ပြီးရင် သင်ထောက်ကူ ပစ္စည်းနဲ့   စာကြည့်တိုက် ဒါမှမဟုတ်ရင် စာအုပ်စာတန်းပေါ့နော်၊  ဆရာက ဆရာ၊ဆရာမတွေဖတ်ဖို့ စာအုပ်တွေထားထားပေးတယ်ပေါ့နော်။ အစိုးရကျောင်းတွေမှာတော့ မြို့ကျောင်းတွေတော့မသိဘူး ပေါ့နော်၊ နယ်ကကျောင်းတွေမှာဆိုရင်တော့ သေချာတယ်ဆရာ ဒါမျိုးစာအုပ်စာတန်းတွေ ရှိနိုင်မယ်လို့ ကျွန်တော်မထင်ဘူး၊ သေချာသလောက်ကို ရှိပါတယ်။ ဆိုတော့ ဒီအပေါ်မှာရော ဆရာဘာများ ပြောချင်သလဲ။

ဖြေ။ ။ စာအုပ်ကတော့ရှိရမှာပေါ့ဗျာ။ စာမဖတ်ဘဲ စာသင်မယ်ဆို စဉ်းစားကြည့်ပေါ။့ ဆရာကောင်းဖြစ်ဖို့ဆို သိအောင်လုပ်ရတယ်။ လုပ်တတ်အောင် လုပ်ရတယ်။ နေတတ်ထိုင်တတ် အောင် လုပ်ရတယ်။ အဲ့ဒါကို Learning to Know လို့ခေါ်တယ် Learning to Do လို့လည်းခေါ်တယ်။ Learning to be တဲ့ ကလေးတစ်ယောက်က သူ့ဟာနဲ့သူ လူတစ်လုံးသူတစ်လုံး ဖြစ်အောင်လုပ်ရတာ၊ သူ့အယူအဆနဲ့သူ ရှိအောင် လုပ်ရတယ်။ Learning to live together တဲ့ ၊ အတူတူ နေတတ်ထိုင်တတ်အောင် လုပ်ရတယ်၊ ဒါက ပညာရေးရဲ့ ရည်ရွယ်ချက်လေ အဲ့ဒီတော့ ဆရာတစ်ယောက်က စာမဖတ်ရင် ဒါလုပ်လို့ ကို မရဘူး ၊မလုပ်ကို မလုပ်နိုင်ဘူး၊ အဲ့ဒီတော့ စာအုပ်က ရှိကိုရှိရမယ်၊ စာအုပ်ရှိဖို့ဆိုတာ အဲ့ဒါ စာအုပ်ဖြည့်တင်းပေးကြပေါ့ ဒါပဲ ရှိတာပဲ။ ကျောင်းတွေမှာ ဆရာတွေက သူ့ဟာနဲ့သူ ဝယ်ဖို့တောင် ခဲယဉ်းတယ်၊ အဲ့ဒီဟာအတွက်ကိုလည်း အာရုံစိုက်ရင်တော့ ကောင်းတယ်။ နောက်တစ်ခုကလည်း အခုတော့ အရင်နှစ်ထက်စာရင်တော့ စိုက်တယ်ပေါ့ဗျာ၊ ဖောင်ဒေးရှင်းတွေဘာတွေက။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလိုမျိုး၊ ဒါပေမယ့် အနည်းဆုံးမှာ တစ်ပတ်ကို library တစ်ချိန်ကို ထားကိုထားရမယ်၊ ထားရမယ်ဆိုလည်း အဲ့ဒီလိုလည်း အစိုးရကို သတ်မှတ်ပေးသင့်တယ် ထင်တယ်။ အကုန်ဖတ်ရမယ်ပေါ့ library တစ်ချိန်သတ်မှတ်ရမယ်ပေါ့။ စာအုပ်တွေရှိရုံနဲ့ မဖတ်ဘူးဗျ၊ ပထမဆုံးကတော့ စာအုပ်ရှိဖို့ လိုတာပေါ့လေ၊ စာအုပ်တွေရှိဖို့လိုတယ် စာအုပ်တွေရှိပြီးတော့ စာဖတ်ချိန်လည်း သတ်မှတ်ရမယ်။ ဒါဟာ အရေးကြီးတယ် ဆိုတာကလည်း ဆရာတွေကိုယ်တိုင်က ပြရမယ်ပေါ့၊ စံနမူနာပေါ့။ ဆရာကိုယ်တိုင် စာဖတ်ဝါသနာပါအောင် မနည်းလုပ်ယူရတာ. . တကယ့်တကယ်တော့ ။

မေး။ ။ ကျောင်းသူကျောင်းသားတွေဖက်ကို ပြန်ကြည့်ရင် လူပြောများတာက  ဥပမာဆိုရင် အစိုးရကျောင်းကိုလည်းတက်ရတယ်၊ ပြီးရင် ကျူရှင်ယူရတယ်၊ ကလေးတွေက ဒီမှာတင်ပဲ ကျောင်းနဲ့ ကျောင်းစာတွေနဲ့ပဲ အချိန်ကုန်နေတယ်၊ အပြင်စာကို ဖတ်ဖို့ရာ အားနည်းတယ်၊ ပြီးရင် လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်ဘူးပေါ့၊ ဒါမျိုးတွေပြောဆိုကြပါတယ်။ အဲ့ဒီအပေါ်မှာရော ဆရာဘယ်လိုသုံးသပ်လဲခင်ဗျား။

ဖြေ။ ။ ကျွန်တော်တို့ ကျောင်းမှာတော့ စာမေးပွဲက ဒီလောက်အရေးမကြီးဘူးလို့ ကျွန်တော်အမြဲတမ်းပြောလေ့ ရှိတယ်။ စာမေးပွဲက သိပ်အရေးမကြီးဘူး၊ ဆိုလိုတာက အလုံးစုံအရေးမကြီးဘူးလို့ ပြောချင်တာပါ။ အရေးမကြီးဘူးလို့တော့ မဟုတ်ဖူးပေါ့။ စာမေးပွဲ အတွက် ဦးတည်ပြီးတော့ ဆရာတွေလည်း မသင်နဲ့လို့ ပြောတာ၊ ကျန်တဲ့ဟာတွေတော့ သင်ချင်လည်း သင်၊ အဲ့ဒါတစ်ကြောင်းပေါ့။ အဲ့ဒီလိုလုပ်ရတယ်၊ အဲ့ဒီလိုလုပ်တော့ အပြင်စာဖတ်ဖို့ ကလေးက အကြောင်းများတာပေါ့၊ ကျောင်းစာတွေနဲ့လည်း ပိမနေဘူးပေါ့၊ ကျူရှင်တွေရဲ့ အရေးကြီးတာ နည်းနည်းလျှော့သွားတာပေါ့၊  ပြီးရင် မိဘတွေကိုလည်း ကလေးတွေတင် မကဘူးပေါ့ မိဘတွေကိုလည်းပဲ ခင်ဗျားတို့ စာမေးပွဲက ကလေး တစ်ယောက်ရဲ့ အရည်အချင်းကို အကုန်မရဘူး။ ဘယ်စာမေးပွဲမှ မရဘူး၊ ကလေးမှာ ကျန်တဲ့အရည်အချင်းတွေ ရှိတယ်၊ human attribute လို့ခေါ်တယ်။ လူမှာ ကျန်တဲ့နေရာနဲ့ သူ့နေရာနဲ့သူရှိတယ်။ အဲ့ဒီတော့ ကျန်တဲ့နေရာတွေလည်း ဖွံ့ဖြိုးအောင်လုပ်မှ လူတစ်လုံးသူတစ်လုံးဖြစ်မှာ၊ အဲ့ဒီတော့ မိဘကိုလည်း ကျွန်တော်တို့က အဲ့ဒါတွေ ပြောရတယ်။ မိဘကလည်း တာဝန်ယူရတယ် ဆိုတဲ့ဟာလည်း သိအောင်ပြောရတယ်။ ဥပမာဗျာ မိဘတွေက ကျောင်းကိုလွှတ်လိုက်တယ်ဗျာ သူတို့လက်က လွတ်သွားပြီပေါ့ ငါတို့လက်ကလွတ် ဒါပဲ၊ မဟုတ်ဘူး။ ဘယ်နိုင်ငံမှပဲဖြစ်ဖြစ် မိဘက ကလေးအတန်းငယ် လို့ရှိရင် ၇၀ ရာခိုင်နှုန်းလောက် မိဘက တာဝန်ယူရတယ်။ ကျောင်းက ၃၀ ရာခိုင်နှုန်းပဲ ခင်ဗျားတို့က ကြည့်ပေး ရမှာ၊ အဲ့ဒီတော့ ခင်ဗျားတို့ ကလေးနဲ့ ဘယ်လောက်အချိန်သုံးသလဲ စာဖတ်ပြသလား၊ မိဘနဲ့ ဆရာတွေ့ဆုံပွဲ လုပ်တာ ကျွန်တော်ဆိုရင် သုံးလတစ်ကြိမ်လုပ်တယ်။ အဲ့ဒါတွေကို ပြောတယ်။ မိဘကိုယ်တိုင်က ဗီတီမကြည့်နဲ့၊ ခင်ဗျားတို့ကလေး စာတတ်ချင်ရင် မကြည့်စေနဲ့။ ကျူရှင်ကတော့ ကျွန်တော်တို့က မလုပ်ပါနဲ့လို့ ပြောလို့မရဘူး။ မရတဲ့အခါကျတော့ ကျူရှင်ဆရာရွေးရင်တောင်မှ ကလေးတွေကို ကလေးနဲ့အတူတူ စာဖတ်တဲ့ဆရာ၊ နောက်တစ်ခုက ကလေးတွေကို ပိုပြီးတော့ ကျယ်ကျုယ်ပြန့်ပြန့်ဖြစ်အောင်လုပ်တဲ့ အဲ့ဒါမျိုးတွေရွေးပါလား၊ ပြီးရင်လည်း အများကြီးအကုန်တော့မယူနဲ့နော်၊ ကိုယ့်ကလေးက ကျောင်းကဘယ်လိုပဲဖြစ်ဖြစ် သိပ်ပြီးတော့ မလိုက်နိုင်တဲ့ဟာ ရှိရင်ရှိမှာပေါ့၊ အဲ့ဒါလေးလောက်ပဲ ယူပါလားပေါ့၊ ပစ်မထားနဲ့ပေါ့ ၊ ဒါမျိုးတွေ လုပ်ရတယ်ပေါ့။ အဲ့ဒါတွေအကုန်လုပ်မှ ဆရာရယ် မိဘရယ် ပေါင်းမှပေါ့ ကလေးကဖြစ်တာ၊ အဲ့ဒီဟာကို paralleling education လို့ခေါ်တယ်လေ၊ အဲ့ဒါလည်း လုပ်ရတယ်။ အမှန်ကတော့ ကျောင်းတစ်ကျောင်းက ဆရာတွေကပါ မိဘတွေက စာမေးပွဲဦးတည်ရင် တော်စရာအကြောင်းမရှိပါဘူး၊ ပညာရေးက ကောင်းစရာအကြောင်းလည်းမရှိဘူး၊ ဒါပေမယ့် ကျွန်တော်တို့က ပညာရေးဆိုတာ တကယ်တော့ context ပေါ့လေ၊ ဆက်စပ်ပတ်ဝန်းကျင်မှာ မူတည်ပြီးတော့ ပြောကြတယ်၊ မိဘတွေကလည်း ဒါကိုပဲ ဒီတိုင်းဦးတည်နေရင် ဖြစ်မှာမဟုတ်ဘူး။ ဒါမှမဟုတ် စာမေးပွဲစနစ်ကိုပြောင်းလိုက် အရမ်းအရေးကြီးတယ်။

မေး။ ။ ကျောင်းသူကျောင်းသားတွေ ဆယ်တန်းကို တကယ့်ကိုကြိုးစားပြီးတော့ တကယ့်တကယ်ကျ သူတို့နဲ့ မသက်ဆိုင်တဲ့၊ သူတို့စိတ်ပါဝင်စားမှုမရှိတဲ့ ဥပမာ အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားတဲ့ သူတွေက အမှတ်ကောင်းလို့ ဆေးကျောင်းသွားရတာတို့ ၊ ဒါမျိုးတွေလည်း မကြာခဏပြန်ကြားရတဲ့အခါကျတော့ မိဘတိုက်တွန်းမှုကြောင့်လည်းပါတယ် ဆိုတဲ့ဟာမျိုးပေါ့လေ ဒီအပေါ်မှာရော ဆရာဖြည့်ပြောပေးလို့ရမလား။

ဖြေ။ ။ အဲ့ဒါက အခုသူတို့သွားတဲ့ ဦးတည်ချက်ကတော့ ဆယ်တန်းစာမေးပွဲ အောင်တယ် ဆိုတာထက် အထက်တန်းကျောင်းပြီးသွားတယ်ပေါ့။ အဲ့ဒီဟာက တော်တော်အရေးကြီးတယ်။ အထက်တန်းပြီးရင် တက္ကသိုလ်တွေက ဝင်ခွင့် သူ့ဟာနဲ့သူ စစ်ရမှာ၊ အဲ့ဒီလို စစ်လို့ဆိုရင်လညး် သူတို့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက တက္ကသိုလ်ဝင်ခွင့်တွေက admission ပေါ့ဗျာ၊ စာမေးပွဲတော့မဟုတ်ပါဘူး။ admission criteria. တွေက အရေးကြီးတယ်၊ စာမေးပွဲကို လျှော့ချင်ရင်လေ စာမေးပွဲအမှတ်က လိုတော့ လိုတာပဲ။ ယေဘုယျ အားဖြင့်တော့ ညွန်ပြတာပေါ့။ ဒါပေမယ့် essay တွေ ရေးဖို့လိုတယ်။ ဒီကျောင်းကို ဘာကြောင့်လျှောက်တာလဲ၊ မင်းကဘာကြောင့် ဘာဝါသနာပါသလဲ၊ ဒါမျိုးတွေကိုလည်း ဆန်းစစ်ရမယ်။ သူများနိုင်ငံမှာတော့ လုပ်ကြတယ်လေ၊ အမေရိကန်တက္ကသိုလ်တွေမှာပေါ့ဗျာ၊ တက္ကသိုလ်ဝင်တွေ ခွင့်ရှိလို့ရှိရင် ဒီဖက်က အမှတ်လည်း လိုတယ်၊ ဒါပေမယ့် အဲ့ဒီအမှတ်တွေ အရေးကြီးတာမဟုတ်ဘူး၊ အမှတ်က ဘယ်လောက်ပြည့်ပြည့် သူတို့က အရေးမကြီးဘူး။ ဥပမာဆိုပါတော့ တိုဖယ်မှာ အပြည့်ရတောင်မှ သူတို့က ရွေးချင်မှရွေးမှာ personal essay ဆိုတာရေးရတယ်။ နောက် recommendation ရှိတယ်။ အဲ့ဒါတွေ ကြည့်ပြီးမှ သူတို့ရွေးတယ်လေ၊ ကျွန်တော်တို့ကလည်း တက္ကသိုလ်တွေက အခုလောလောဆယ်ထိကတော့ ဆယ်တန်းစာမေးပွဲကို ဦးတည်ပြီးတော့ ရွေးတုန်းရှိသေးတယ်။ ဒီထက်နဲနဲ ပြောင်းလဲလို့ရှိရင် ခုနတုန်းက ဟာမျိုးပေါ့ စာမေးပွဲအမှတ်ကလည်း အရေးတော့ကြီးတယ်။ ဒါပေမယ့် ကျန်တဲ့အရေးကြီးတာလည်း ရှိသေးတယ်၊ မင်းဟာမင်းဘယ်လောက် ရေးတတ်သလဲပေါ့ မင်းပုံစံဘယ်လိုမြင်သလဲပေါ့။ မင်းကိုယ်မင်းဘယ်လောက် Express လုပ်တတ်သလဲပေါ့၊ ဖန်တီးတတ်သလဲပေါ့၊ နောက်တစ်ခုက သူ့ကို ထောက်ခံတဲ့သူ နှစ်ယောက်လိုတယ်ပေါ့၊ တစ်ချို့ကျောင်းက အင်တာဗျူးတောင်လိုတယ်။ အဲ့ဒီလိုဆိုရင်တော့ စာမေးပွဲဟာ အရင်ကတစ်ကျပ်ဖိုးတန်ဖိုးရှိတယ် အခုတော့ ပြားငါးဆယ်ဖိုး ပြားခြောက်ဆယ်ဖိုးဆို မဆိုးဘူးလေ။  အဲ့ဒီတော့ ကလေးက  ကျူရှင်ကိစ္စတွေတို့ ကိုယ်ဝါသနာပါတာ မလုပ်ရဘဲနဲ့ ကျန်တာ အဲ့ဒါတွေ လျှော့သွားမှာပေါ့၊ အဲ့ဒါတွေ လုပ်ဖို့လိုတယ် အဲ့ဒါတွေကို မြန်မြန်လုပ်စေချင်တယ် ။ ကျွန်တော်က ကျွန်တော်တို့ ပညာရေးတိုးတက်ဖို့ဆိုရင် အဲ့ဒါတွေကို လုပ်မယ်ထင်ပါတယ်။ လုပ်ဖို့ကြိုးစားနေတယ်လို့တော့ ထင်ပါတယ်။

မေး။ ။ ဆယ်တန်းအောင်သွားပြီ၊ ဘွဲ့ရသွားပြီ ၊ ပြီးရင် အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ အံဝင်ခွင်ကျ မဖြစ်တဲ့ပြဿနာပေါ့၊ အဲ့ဒါလေးလည်းဆရာ ဖြည့်ပြောပေးပါဦး။

ဖြေ။ ။ အသက်မွှေးဝမ်းကျောင်း အံဝင်ခွင်ကျမဖြစ်ဘူးဆိုတာ သူများတွေက အဲ့ဒီပြဿနာကို ဖြေရှင်းဖို့က သူတို့တက္ကသိုလ် ပညာရေးက အထူးသဖြင့် Level Up ကျောင်းတွေရှိတယ်။ မီဒီယာကိုလေ မီဒီယာဘာသာရပ် ကို ချက်ချင်းမှာမှ မဟုတ်တာ။ မေဂျာလည်းရှိတယ် ဒါပေမယ့် တစ်ချို့ မိုင်နာ အများကြီးယူရတယ် ပထမတစ်နှစ် နှစ်နှစ်မှာ နှစ်နှစ်ပေါ့။ ပထမနှစ်နဲ့ ဒုတိယနှစ်မှာ သူက လူတစ်ယောက် သိသင့်သိထိုက်တာ အကုန်လုံး သင်ရတယ်၊ ဒုတိယနှစ် ပြီးမှ ရွေးတယ် ဘာမေဂျာလည်းပေါ့၊ ရွေးတဲ့အခါမှာ ကျောင်းသားရယ် သူ့ရဲ ပါမောက္ခရယ်  ဒါမျိုးရွေးကြတယ်လေ။ ရွေးူတဲ့အခါမှာ ကျောင်းသားကလည်း အဲ့ဒီချိန်ကျမှ သူက ငါက ဘာဝါသနာပါတာတုန်း ဘာတော့ ငါမပါဘူး၊ ဒါမှ သူဆုံးဖြတ်နိုင်မှာ ဆယ်တန်းအောင်နဲ့ ဘယ်သိမှာလဲဗျာ။ ကိုယ့်ဟာကိုယ်သိဖို့ဆိုတာ အင်မတန်ခဲယဉ်းတာကိုး။ တကယ့်တကယ်ကျတော့၊ အဲ့ဒီတော့ သူတို့ကတော့ နောက်ထပ် ၁၂ တန်းကျမှ သူတို့ဆီမှာ။ ဥပမာဆိုပါစို့ ကျွန်တော်တို့ဆီမှာ ၁၆ တန်း ၁၆ နှစ်ပေါ့၊ သူတို့က ၁၈ နှစ်ပေါ့နော်။ ၁၈နှစ်တောင်မှ အရွေးမခံရသေးဘူး၊ နောက်ထပ် နှစ်နှစ်မှ၊ အသက် ၂ဝလောက်မှ ရွေးကြတာကိုး။ အဲ့ဒီတော့ အဲ့ဒီ အံဝင်ခွင်ကျမဖြစ်တာ ဖြစ်နေဦးမှာပဲ၊ အဲ့ဒီလို မဟုတ်ရင်လေ။ လူက ကိုယ့်ဟာကိုယ်သိဖို့ လွယ်မှ မလွယ်တာ၊ ကလေးက ဘယ်လိုလုပ်သိမှာတုန်း၊ အသက် ၂၀ လောက်ဖြစ် သွားရင် ဘယ်လိုရွေးရမှာတုန်း၊ ခုနတုန်းကဟာတွေ အကုန်လုံးပေါင်းလိုက်မှ လူတစ်ယောက်က သူတို့ကတော့ အရင်နှစ်နှစ် အထူးသဖြင့် Level Up Collage ။ အများကြီးပဲ အမေရိကားမှာရှိတယ်၊ အခုအာရှတိုက်ကိုလည်း တစ်ချို့ရောက်ပါပြီ စင်ကာပူမှာဆို တစ်ခုရှိတယ်၊ တရုတ်ပြည်မှာ ဒါမျိုးတွေလုပ်ဖို့ ကြိုးစားတယ်။ နှံ့စပ်တဲ့ လူတစ်ယောက်ဖြစ်အောင်၊ လူရယ်လို့ဖြစ်ရင် နှံ့စပ်တဲ့လူဖြစ်အောင်လုပ်ပြီးမှ အဲ့ဒီလိုဟာမျိုးပေါ့။ တစ်ကျောင်းတည်း တစ်ခုတည်း ဆွဲသွားတာ တစ်ခုတည်း သန်တဲ့လူမဟုတ်တော့ဘဲနဲ့ နည်းနည်းပါးပါး ဟိုဟာလည်းသိ၊ ဒီဟာလည်းသိ  အဲ့ဒီလိုဖြစ်အောင်လုပ်တဲ့ စနစ်မျိုးပေါ့လေ။  အဲ့ဒီဟာမျိုး ကျွန်တော် သိပ်သဘောကျတယ်လေ၊ အဲ့ဒါမျိုးများ စဉ်းစား၊ တစ်ခုက ကျွန်တော်တို့ဆီက ပညာရှိကြီးတွေကပေါ့၊ တစ်ချို့လူတွေကလွဲရင် များသောအားဖြင့်ကတော့ အဲ့ဒီလို Level Up ကျောင်းတွေကနေပြီးတော့ ထွက်လာတာ အများကြီးရှိချင်မှ ရှိမယ်။

မေး။ ။ ကျွန်တော်တို့ နိုင်ငံကလည်း တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်လို့ ပြောကြဆိုကြတဲ့အခါကျတော့ သင်ကြားရေးမှာ မိခင်ဘာသာစကားနဲ့ သင်ကြားရေးကိုလည်း တိုင်းရင်းသားတစ်ချို့က တောင်းဆိုကြတာရှိတယ် အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ တိုင်းရင်းသားတစ်ချို့က မဟုတ်ဘူး။ တိုင်းရင်းသားအများစုက တောင်းဆိုတာ၊ ဘာလိုဆို မိခင်ဘာသာရပ်ဟာ ကိုယ့်ဘာသာစကားက အဲ့ဒီလူမျိုးတစ်မျိုးရဲ့ အမှတ်အသား။ လူမျိုးတစ်မျိုးရဲ့ ဖြစ်ခြင်းမှာ ဘာသာစကားဟာ ပါတယ်၊ ပြီးရင် ဘာသာစကား ပျောက်ရင် သူတို့ဟာပျောက်မှာလားလို့ စိုးရိမ်မှုတွေရှိတယ်။ သူသူကိုယ်ကိုယ် ရှိမှာပဲလေ၊ အဲ့ဒီတော့ အခုက ကျွန်တော်တို့က ကိုယ့်မိခင်ဘာသာစကားနဲ့ သင်ရာမှာ                                လွယ်တယ်၊ ကိုယ့်မိခင်ဘာသာစကားနဲ့ သင်မှ နားလည်တယ်။ အဲ့ဒီတော့ မိခင်ဘာသာနဲ့ သင်သင့်တယ်။ ဒါက အခုခေတ်မှာ အကုန်လုံး လက်ခံတဲ့တရား။ အဲ့ဒါကြောင့်မို့ အဲ့ဒါကို ပြောင်းလဲသင့် တယ်။ မိခင်ဘာသာရပ်နဲ့ တစ်သက်လုံးသင်ရမယ်၊ အဲ့လိုဆိုလိုတာမဟုတ်ဘူး။ ဘာသာစကားတစ်ခုကို ကောင်းကောင်းမွန်မွန်တတ်ဖို့က ငါးနှစ်ကနေ ခြောက်နှစ်ထိပဲ လိုတယ်တဲ။့ ဥပမာ မိခင်ဘာသာနဲ့ သင်လို့ရှိရင် ငါးနှစ် primary မှာပေါ့လေ မိခင်ဘာသာကနေသင်လို့ရှိရင် တော်ပြီ၊ ရပြီ။ ဒါတောင်မှ မိခင်ဘာသာစကား နဲ့ အကုန်လုံးသင်ဖို့တော့ မဟုတ်ဘူး၊ မိခင်ဘာသာနဲ့ အများစုကသင်။ တစ်ချို့မှာ သုံးပုံတစ်ပုံလောက်ကို ဒုတိယဘာသာစကား စလို့ရတယ်၊ တတိယနှစ်လောက်ကတည်းက စပြီးတော့ မြန်မာဘာသာစကား သင်လို့ရတယ်။ နောက်တစ်ခါ လေးတန်းလောက်မှာ တစ်ခါ မိခင်ဘာသာစကား နဲနဲ နည်းသွားရော၊ မြန်မာဘာသာစကားများလာရော၊ နောက်တစ်ခါ အင်္ဂလိပ်စကားတောင် စလို့ရတယ်။  အမှန်ကတော့ စ စရာတော့ မလိုသေးဘူး။  မိခင်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားက ကျွန်တော့်အကြိုက်ဆုံးလေ မိခင်ဘာသာစကားနဲ့ မြန်မာစကားသင် primary  ပြီးလို့ရှိရင် မိခင်ဘာသာစကားမသင်တော့ဘူး။ မြန်မာဘာသာစကားနဲ့ အင်္ဂလိပ်စာနဲ့သင်။ အဲ့ဒီတော့ ဘာသာစကားတစ်ခုက အဲ့ဒီလိုလုပ်ရမှာ အမှန်က ဘာလို့ဆို language rights ဆိုတာရှိတယ်။ လူမျိုးတစ်မျိုးမှာ ကိုယ့်ဘာသာစကားသင်ခွင့်ရှိရမယ်။ တကယ့်တကယ်ကျတော့ အဲ့ဒီလို သင်ဖို့လည်း ဘာမှခက်တာမဟုတ်ဘူး၊ သုတေသန လုပ်ထားတာတွေ ရှိတယ်။ မိခင်ဘာသာနဲ့ သင်လို့ရှိရင် ပိုပြီးတော့ ကိုယ်တကယ်တမ်းအသုံးပြုတဲ့ ဘတ်ဂျက်ရဲ့ လေးရာခိုင်နှုန်း ကနေ ငါးရာခိုင်နှုန်းထက် ပိုပြီးတော့ ကုန်မှာပဲ။ အဲ့ဒါကလည်း ဘယ်လောက်ကြီးမို့လို့ ပိုက်ဆံကုန်တာလည်း မဟုတ်ဘူး ဒါပေမယ့် အဲ့ဒီလူတွေကတော့ စိတ်ချမ်းသာသွားမယ်။ ကိုယ့်ဟာကိုယ် သိတဲ့လူမျိုးတွေပေါ့။  ပြီးရင် ဘာသာစကားတစ်ခုကနေ နောက်ဘာသာစကားတစ်ခုကို ကူးပြောင်းဖို့က လွယ်တယ်တဲ့။ မိခင်ဘာသာစကားတစ်ခုကောင်းကောင်းတတ်ရင် နောက် ဘာသာစကားတစ်ခုကို ရွှေ့လို့ရတယ်။ ဘာမှ မခက်ဘူး။ ဒါက သုသေသနလုပ်ထားတာတွေ အကုန်ရှိပြီးသားတွေ၊ အဲ့ဒီတော့ ကျွန်တော်တို့က ဘာကြောင့် မလုပ်သလဲပေါ့ ။ဘာကြောင့်မို့လို့ ကျွန်တော်တို့မှာ မှားယွင်းတဲ့အယူအဆတွေရှိတယ်။ မသ်စ် လို့ခေါ်တာတွေပေါ့။ ဥပမာ လွှမ်းမိုးနေတဲ့ ဘာသာစကားကိုပေါ့ ၊သိရင်ပိုကောင်းမယ်ပေါ့။ ဘာသာစကား တစ်ခုကို စောစောသင်ရင် ပိုကောင်းတယ် အဲ့ဒါမဟုတ်ဘူး။ စောစောသင်လေ ပိုတတ်လေ၊ ဒါလည်းမဟုတ်ဘူး ကိုယ့်ဘာသာစကားကို ကောင်းကောင်းသင် ကျန်တဲ့ဘာသာစကားလည်း တတ်တာပဲ၊ ဘာလို့ဆို ဒီဘာသာ စကားကတတ်တဲ့ language capacity တွေပေါ့။ ကျန်တဲ့ဟာ ရွှွေ့လို့ရတယ် လွယ်လွယ်ကူကူရွှေ့လို့ရတယ်။ ပြီးရင်လည်း နိုင်ငံရေးအရဘာညာ စဉ်းစားရင် ဘာသာစကားတစ်ခုနဲ့ တစ်ခုတည်းပဲ တတ်လို့ရှိရင် စည်းလုံးတယ်လို့ ထင်တာ အဲ့ဒါမဟုတ်ဘူး ဘာသာစကားများများ ကိုယ့်ဟာကိုယ်ယုံကြည်တဲ့လူတွေနဲ့ဆိုရင် ပိုစည်းလုံးတယ်။ ကိုယ့်ကိုယ်ကို မယုံကြည်ဘဲနဲ့ ကိုယ့်ဟာကိုယ် inferior ဖြစ်ပြီးတော့ပေါ့လေ၊ insecure ပေါ့ မလုံခြုံတဲ့လူတွေနဲ့ ဆိုရင် စည်းလုံးညီညွတ်စရာမရှိဘူး။ အဲ့ဒီတော့ တိုင်းပြည်စည်းလုံးညီညွတ်ရေးရော ငြိမ်းချမ်းရေးရော မိခင်ဘာသာကို လုပ်သင့်တယ်။ အခုက မိခင်ဘာသာတွေကို ထိုက်သလောက် ကျွန်တော်ပြောတာ အရင်ကထက်ဆိုရင်တော့ နည်းနည်းပိုပြီးတော့ အာရုံစိုက်တယ်၊ ကျွန်တော်ပြောနေတာက ထိုက်သလောက်ကို ပြောတာနော် ။ ထိုက်သလောက် ပိုပြီးတော့ ဒီဟာကို လုပ်ဖို့လိုတယ်လို့၊ ထိုက်တန်တဲ့အထိ လုပ်ဖို့လိုတယ်။

 

အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း (၁) ကိုပြန်လည်ကြည့်ရှုရန်  http://www.mizzimaburmese.com/article/56342

 

Mizzima Weekly