အဂတိဖြင့် စွဲဆိုခံထားရသော ညွှန်ချုပ်နှင့်ညွှန်မှူး ၅ ဦးအမှု တိုင်းတရားလွှတ်တော်မှ အမှုလက်ခံ

အဂတိဖြင့် စွဲဆိုခံထားရသော ညွှန်ချုပ်နှင့်ညွှန်မှူး ၅ ဦးအမှု တိုင်းတရားလွှတ်တော်မှ အမှုလက်ခံ
Photo: Bo Bo/Mizzima

မန္တလေး ၊ မေ ၃ ။        ။ အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးဥပ​ဒေဖြင်​့ အမှုဖွင့်ခံထားရသော နေပြည်​​တော်​ ​ရေအရင်​းအမြစ်​နှင်​့ မြစ်​​ချောင်​းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​နှင်​့ ညွှန်​ကြား​ရေးမှူးအဆင်​့ရှိ အရာရှိ ၅ ဦးကို မေ ၃ ရက်​​၊ မွန်​းလွဲ ၂ နာရီခွဲခန်​့က မန္တ​လေးတိုင်​း​ဒေသကြီးတရားလွှတ်​​တော်​တွင် စတင်တရားစွဲဆိုခဲ့ရာ တရားရုံးမှ အမှုကို လက်ခံလိုက်သည်။

ယင်​းအမှုဖွင်​့ခြင်​းကို မန္တ​လေးတိုင်​း​ဒေသကြီး တရားလွှတ်​​တော်​သို့ တရားစွဲဆိုတင်​ပို့ရာ ဦးထွန်​းထွန်​းလွင်​၊ ဦးကိုကိုဦး၊ ဦး​သောင်​းလွင်​၊ ဦး​အောင်​​ကျော်​မှူးတို့​ ၄ ဦးကို တရားမကြီး အမှုအမှတ်​ ၃/၂၀၁၉ နှင်​့ ၄/၂၀၁၉ ဖြင်​့ နှစ်​မှု၊ ဦးထွန်​းလွင်​ဦး၊ ဦးကိုကိုဦး၊ ဦးထွန်​းနိုင်​ဝင်​း တို့ ၃ ဦးကို တရားမကြီးအမှုအမှတ်​ ၅/၂၀၁၉နှင်​့ ၆/၂၀၁၉ တို့ဖြင်​့ နှစ်​မှု အသီးသီး လက်​ခံလိုက်​ခြင်​းဖြစ်​သည်။

၄င်းတို့ကို အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​မှ ပုဒ်​မ ၅၆ ဖြင်​့ အမှုဖွင်​့​ပေးရန်​ ဇမ္ဗူသီရိ မြို့မရဲစခန်​း တွင်​ ဧပြီ ၁၀ ရက်​​နေ့က တိုင်​တန်​း အမှုဖွင်​့ထားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းလွင်ဦး၊ ဦးကိုကိုဦး၊ ဦးသောင်းလွင်၊  ဦးအောင်ကျော်မှူးနှင့် ဦးထွန်းနိုင်ဝင်းတို့သည် ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်များမှ ခွဲဝေချထားပေးသည့် လုပ်ငန်းရန်ပုံငွေများကို သုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းမှ ရုံးချုပ်သို့ ပံ့ပိုးငွေအဖြစ် ၂၀၁၄ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ်၂၃၇၆၉၇၇၈၀.၂၂ ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် ၈၈၉၇၆၂၁၅.၆၄ ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် (၁၂၉၅) သိန်းကို လည်းကောင်း၊ ၂၀၁၈ ခုနှစ်အတွင်းက တိုင်းဒေသကြီးရုံးတို့မှ ငွေကျပ် ၈၁၀ သိန်းကို လည်းကောင်း လွှဲပြောင်းပေးပို့စေခြင်းဖြင့် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်​ဆေး​ပေါ်​ပေါက်​သည်​ဟုဆိုကာ ​ကော်​မရှင်​မှ တိုင်​ကြားခဲ့ခြင်​းဖြစ်​သည်​။

လက်​ရှိတွင်​ မန္တ​လေးတိုင်​း​ဒေသကြီး တရားလွှတ်​​တော်​၌ FDA ညွှန်​ကြား​ရေးမှူးချုပ်​အမှု၊ ​ကျေးလက်​လမ်​းဖွံဖြိုး​ရေးဦးစီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူးနှင်​့ စာ​ရေးအမှု၊ အမှတ်​ ၂ သတ္တုတွင်​းလုပ်​ငန်​း ဦး​ဆောင်​ညွှန်​ကြား​ရေးအမှုတို့ကို စစ်​​ဆေးလျက်​ရှိပြီး၊ ပြင်​ဦးလွင်​မြို့နယ်​၊ ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး နှစ်​ဦးတို့အမှုကို အပြီးသတ်​အမိန်​့များ ချမှတ်​ပြီးဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly