ဖေ့ဘုတ်က ဂြိုဟ်တု လွှတ်တင်မည်

ဖေ့ဘုတ်က ဂြိုဟ်တု လွှတ်တင်မည်

ဖေ့ဘုတ်က အာဖရိက အစွန်ဖျားဒေသများတွင်ပါ အင်တာနက် ရရှိရေးအတွက် ဂြိုဟ်တုတစ်လုံး လွှတ်တင်မည်ဖြစ်ကြောင်း ဖေ့ဘုတ်တည်ထောင်သူ မတ်ဇူကာဘတ်က ကြေညာသည်။

ပြင်သစ်ကအခြေစိုက် Eutelsat နှင့် မိတ်ဖက်ကာ ဖေ့ဘုတ်က ပထမဆုံးဂြိုဟ်တုကို ၂၀၁၆ ခုနှစ်တွင် လွှတ်တင်မည်ဖြစ်သည်။

"ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကျွန်တော်တို့က လုပ်နေတာပါ။ ဒါက ကျွန်တော်တို့ ကမ္ဘာဂြိုလ်ကြီးကို လွမ်းခြုံနိုင်ဖို့ပါပဲ။"ဟု ဇူကာဘတ်က ၎င်း၏ဖေ့ဘုတ်ပို့စ်တွင် ရေးသားခဲ့သည်။

ယခုစီမံကိန်းသည် ဖေ့ဘုတ်၏ Internet.org ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

ဖေ့ဘုတ်၏ ယခုကဲ့သို့ အင်တာနက်ရရှိရေးလုပ်ဆောင်လာမှုနှင့် ပတ်သက်ပြီး တစ်ချို့သောနိုင်ငံများ အထူးသဖြင့်အိန္ဒိယက ဖေ့ဘုတ်နှင့် ၎င်း၏ မိတ်ဖက်များက ဖွံ့ဖြိုးသောအင်တာနက်ဈေးကွက်သို့ မျှတမှုမရှိဘဲ ထိုးဖောက်လာခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly