ဗင်နီဇွဲလားမှာ မေဒေးနေ့ ထိပ်တိုက်တွေ့မှုအတွင်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကာ ၃၀ နီးပါး ဒဏ်ရာရ

ဗင်နီဇွဲလားမှာ မေဒေးနေ့ ထိပ်တိုက်တွေ့မှုအတွင်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကာ ၃၀ နီးပါး ဒဏ်ရာရ

ကရာကတ်စ်၊ မေ ၂ ။       ။ ဗင်နီဇွဲလားနိုင်ငံ ကရာကတ်စ်မြို့မှာ ဗုဒ္ဓဟူးနေ့က အတိုက်အခံထောက်ခံသူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ထိပ်တိုက်တွေ့ကြရာမှာ အမသမီးတစ်ဦး ပစ်သတ်ခံရပြီး လူနှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ဂွါဒိုက သမ္မတ မာဒူရိုကို ဆန့်ကျင်တဲ့ စုရုံးဆန္ဒပြမှုတွေကို လှုံ့ဆော်နေခဲ့ရာကနေ အခု မေဒေးနေ့ ထိပ်တိုက်တွေ့မှု ဖြစ်ပွားလာခဲ့တာပါ။

အသက် ၂၇ ရှိတဲ့ ရော်စီယိုဆိုတဲ့ အမျိုးသမီးဟာ ဦးခေါင်းကို ကျည်ဆန် ထိမှန်ပြီး ဆေးရုံမှာ သေဆုံးတာ ဖြစ်တယ်လို့ အင်န်ဂျီအိုအဖွဲ့ဖြစ်တဲ့ ဗင်နီဇွဲလား လူမှုပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့က တွစ်တာမှာ ရေးသားပါတယ်။

ကျန်းမာရေးဌာနက မေဒေး ထိပ်တိုက်တွေ့မှုမှာ သေနတ်မှန်တဲ့ လူတစ်ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူပေါင်း ၂၇ ဦီး ရှိတယ်လို့ ကြေညာပြီးနောက်မှာ အဲဒီအဖွဲ့က ရော်စီယို ပစ်သတ်ခံရလို့ သေဆုံးခဲ့ရတာအတွက် ရှုတ်ချလိုက်ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဂွါဒိုက အခြေခံဥပဒေကို ကိုးကားပြီး ဇန်နဝါရီ ၂၃ ရက်မှာ ၎င်းကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာလိုက်ချိန်ကစလို့ ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ တင်းမာမှုတွေ  မြင့်တက်နေခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က သမ္မတ မာဒူရို ပြန်လည်ရွေးကောက်ခံရတာဟာ တရားမဝင်ဘူးလို့လည်း  ဂွါဒိုက ပြောဆိုရင်း ကိုယ်ကိုကို ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့ရာမှာ အနောက်အုပ်စု နိုင်ငံတွေ အများစုက ဂွါဒိုကို အသိအမှတ်ပြုခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly