ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအပေါ် စိုးရိမ်ပူပန်မှုတွေ မဖြစ်ကြဖို့ တရုတ်သမ္မတ ပြောဆို

ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအပေါ် စိုးရိမ်ပူပန်မှုတွေ မဖြစ်ကြဖို့ တရုတ်သမ္မတ ပြောဆို

ဧပြီ ၂၆ ။          ။ တရုတ်အစိုးရရဲ့ ရည်မှန်းချက်ကြီး ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဧပြီ ၂၆ ရက်မှာ ကြိုးပမ်းအားထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဖွင့်ပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ယင်း ဖိုရမ်ဖွင့်ပွဲမှာ သမ္မတ ရှီက ပြောကြားရာမှာတော့ ၎င်းရဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ပရောဂျက်ဟာ အကျင့်ပျက်ခြစားမှုတွေကို လုံ့ဝ ခွင့်လွှတ်ပေးသွားဖို့ မရှိသလို ကြွေးမြီဆိုင်ရာ ဆိုးကျိုးအန္တရာယ်တွေကိုလည်း ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ကြုံးဝါးပြောဆိုသွားပါတယ်။

ဒီ စီမံကိန်းနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောဆိုသွားပါတယ်။

ဒီ ရပ်ဝန်းနဲ့ ပိုးလမ်း မ စီမံကိန်းဟာ အထူးသီးသန့် တန်ဖိုးကြီး အတန်းအစား မဟုတ်ကြောင်း ရှီက ပြောသွားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ဒီစီမံကိန်းကြီးဟာ အကြွေးထောင်ချောက်တစ်ခုဖြစ်ပြီး ဒါဟာ ကမ္ဘာ့စူပါ ပါ၀ါဖြစ်ဖို့ ပေကျင်းအစိုးရရဲ့ ရည်မှန်းချက်အတွက် ပထဝီနိုင်ငံရေးဆိုင်ရာ လက်နက်တစ်ခုဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း တရုတ်ဘက်က ပယ်ချသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly