နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသားအများဆုံး လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသားအများဆုံး လွတ်မြောက်

ဒုတိယအကြိမ် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသားဦးရေ အများဆုံးလွတ်မြောက်ခဲ့ကြောင်း တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အကျဉ်းဦးစီးဌာန၏ စာရင်းများ အရသိရသည်။

ဧပြီလ ၂၆ ရက်နေ့က ပေးခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရွှေဘိုထောင်မှ အကျဉ်းသား ၅၁၅ ဦး၊ ကလေးထောင်မှ ၄၁၂ဦး၊ ခန္တီးထောင်မှ ၂၅ရဦး၊ မုံရွာထောင်မှ ၁၆၄ဦး၊ ကသာထောင်မှ ၁၀၄ ဦး ဖြစ်ပြီး အကျဉ်းစခန်း ၆ ခုမှ အကျဉ်းသား ၁၃၀ နီးပါးဆီ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

 ရွှေဘိုထောင်အတွင်း ဆူပူမှုကို ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရွှေဘို မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ဖြေရှင်းခဲ့သည်။

 ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသည့် အကျဉ်းသားအများစုသည် မူး/စိတ် ပုဒ် ၁၅/ ၁၆ ဖြင့် ပြစ်ဒဏ်ကြခံနေရသူ အများဆုံးပါဝင်နေသည်ကို မြင်တွေ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် ၅ခု၊ အကျဉ်းစခန်း ၆ ခုမှ အကျဉ်းသား ၂၁၁ဝဦး ၊အကျဉ်းသူ ၁၀၅ ဦး စုစုပေါင်း ၂၂၁၅ ဦးကို ဧပြီလ ၂၄ ရက်နေ့တွင် လွှတ်ပေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly