နိုင်ငံရေးအတွေ့အကြုံမရှိသည့် ဟာသသရုပ်ဆောင်တစ်ဦး ယူကရိန်းသမ္မတရွေးကောက်ပွဲမှာ အနိုင်ရ

နိုင်ငံရေးအတွေ့အကြုံမရှိသည့် ဟာသသရုပ်ဆောင်တစ်ဦး ယူကရိန်းသမ္မတရွေးကောက်ပွဲမှာ အနိုင်ရ

ဧပြီ ၂၂ ။      ။ ယူကရိန်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာတော့ နိုင်ငံရေးအတွေ့အကြုံ မရှိတဲ့ ဟာသသရုပ်ဆောင် ဗိုလို ဒီမာ ဇီလန်စကီးက အပြတ်အသတ်အနိုင်ရရှိသွားကြောင်း သိရပါတယ်။

၎င်းအနိုင်ရရှိမှုအပေါ် ဝမ်းမြောက်ကြိုဆိုကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ချီးကျူးပြောဆိုခဲ့ကြပါတယ်။

တီဗီရှိုးတစ်ခုမှာ သမ္မတအဖြစ် အသုံးတော်ခံတင်ဆက်ခဲ့ဖူးသူ ဇီလန်စကီးကတော့ ယခုရွေးကောက်ပွဲ တရားဝင်ထုတ်ပြန်တဲ့ မဲရလဒ်တစ်စိတ်တစ်ပိုင်းအရ မဲရာခိုင်နှုန်း ၇၃ ရာခိုင်နှုန်းအထိ ရရှိပြီး အဓိကပြိုင်ဘက် လက်ရှိသမ္မတ ပီထရို ပေါ်ရိုရှန်ကိုအပေါ် အပြတ်အသတ်အသာရရှိခဲ့တာဖြစ်ပါတယ်။

ပေါ်ရိုရှန်ကိုကတော့ မဲရာခိုင်နှုန်း ၂၄ ရာခိုင်နှုန်းသာ ရရှိခဲ့တဲ့အတွက် အသက် ၄၁ နှစ်အရွယ် ဟာသသရုပ်ဆောင် ဇီလန်စကီးကို အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် ဇီလန်စကီးအနေနဲ့ ခွဲထွက်ရေးသူပုန်တွေနဲ့ တိုက်ခိုက်နေရပြီး နိုင်ငံတကာအကူအညီတွေအပေါ် မှီခိုနေရတဲ့ နိုင်ငံကို ဦးဆောင်သွားရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ၎င်းအနေနဲ့ အိမ်နီးချင်း အင်အားကြီးရုရှားနိုင်ငံရဲ့ သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း ဆက်ဆံပတ်သက်သွားရဖို့ ရှိနေသလို စီးပွားရေးပြဿနာတွေကိုလည်း ကိုင်တွယ်ဖြေရှင်းသွားရဖို့ ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly