တောင်ဆူဒန်မှာ ဖျားနာပြီး သေဆုံးတဲ့ အရေအတွက်က စစ်ပွဲကြောင့် သေဆုံးသလောက် ရှိနေ

တောင်ဆူဒန်မှာ ဖျားနာပြီး သေဆုံးတဲ့ အရေအတွက်က စစ်ပွဲကြောင့် သေဆုံးသလောက် ရှိနေ

အူဒဲယား၊ ဧပြီ ၁၉ ။     ။ တောင်ဆူဒန်နိုင်ငံဟာဆိုရင် အတောမသတ်နိုင်တဲ့ စစ်ပွဲတွေရဲ့ ကြောက်မက်ဖွယ်ဒုက္ခ၊ တိုင်းရင်းသားဆူပူအုံကြွမှု၊ အဓမ္မပြုပြင်မှုနဲ့ အိုးအိမ်စွန့်ထွက်ပြေးရမှုတွေ တင်းကြမ်းပြည့်နေပါတယ်။

ဒါပေမယ့် ဒီပဋိပက္ခတွေရဲ့ လောင်းရိပ်ဆိုးအောက်မှာ အကြီးမားဆုံး အန္တရာယ်ကတော့ ကျန်းမာရေး ဝန်ဆာင်မှုတွေ အစွန်အဖျား နယ်မြေဒေသအများစုက မရရှိနိုင်တာပါပဲ။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ရဲ့ စာရင်းအရ ဖျားနာမကျန်းဖြစ်ပြီး သေဆုံးရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကုသရင် အလွယ်တကူပျောက်ကင်းနိုင်တဲ့ သာမန်ဖျားနာမှုအတွင်းမှာပဲ သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။

ခြောက်နှစ်နီးပါးမက တောင်ဆူဒန်ရဲ့ စစ်ပွဲတွေအတွင်း သေဆုံးသူဦးရေဟာ လေးသိန်းနီးပါးရှိနေတယ်လို့ ရောဂါကာကွယ်ရန် တစ်ကိုယ်ရည််သန့်ရှင်းရေးနှင့် အပူပိုင်းဇုံဆေးဝါးထောက်ပံ့မှု လန်ဒန်ကျောင်းက မနှစ်က ပြုလုပ်ထားတဲ့ သုတေသနက ဖော်ပြပါတယ်။

အဲဒီ သေဆုံးသူဦးရေမှှာ တစ်ဝက်လောက်က ဆူပူအုံကြွမှုတွေအတွင်း သေဆုံးတာဖြစ်ပြီး ကျန်တစ်ဝက်ဟာ ရောဂါနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။

“ဒီမှာ ကနဦးကျန်းမာရေး စောင့်ရှောက်မှုတွေ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါပေမယ့် စစ်ပွဲတွေအတွင်းမှာ ဒီအဖွဲ့အစည်းတွေ အများစုက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးကြရတာဖြစ်ပါတယ်။”လို့ ICRC မှ ကျန်းမာရေးတာဝန်ခံ အမျိုးသမီး အွိုင်းယန်ယာက ပြောခဲ့ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly