တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းရဲ့ နိုင်ငံသားတွေကို မြန်မာနိုင်ငံက ရခိုင်ပြည်နယ်သို့ ခရီးသွားလာခွင့်ကို တားမြစ်ရန် အမြင့်ဆုံး ခရီးသွားလာခွင့် တင်းကြပ်မှုကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ကြောင်း အင်္ဂါနေ့က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရခိုင်ပြည်နယ်ဆီ ခရီးသွားလာခွင့် ပိတ်ပင်တာဟာ ဘေးကင်းလုံခြုံရေး အန္တရာယ် များတာကြောင့် ပိတ်ပင်တာဖြစ်ကြောင်း Korea Herald သသသတင်းဌာနက ဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင်းက တရုတ်၊ လာအို၊ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ဒေသတွေဟာလည်း ဘေးကင်းရာ ရွှေ့ပြောင်းနေကြရတဲ့ နယ်မြေဒေသများဖြစ်တာကြောင့် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒုတိယအမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ပါတယ်။
ဒါအပြင် အရှေ့မြောက်ပိုင်း ဒေသက ရှမ်းပြည်နယ်ရဲ့ နေရာအချို့နဲ့ ကချင်ပြည်နယ်တို့ဆီ ခရီးသွားလာရာမှာ အထူးကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ ကားနဲ့ ခရီးသွားလာတာကို တတိယအမြင့်ဆုံး သတိပေးချက် ယင်းဌာနက ထုတ်ပြန်ပါတယ်။
ခုလို ဆုံးဖြတ်ချက် ချရတာဟာ မြန်မာနိုင်ငံတွင်းက တစ်ချို့သော ဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားပေါ်ပေါက်နေတာကို အခြေတည်ပြီး ဆုံးဖြတ်ရတာဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။