'MYANAUTO 2015' နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲ ကျင်းပမည်

'MYANAUTO 2015' နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲ ကျင်းပမည်

အောက်တိုဘာ ၅ ရက် ။         ။ မြန်မာယာဉ်အပိုပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာစက်မှုကုန်စည်ပြပွဲကြီး ကို အောက်တိုဘာ ၉-၁၁ နေ့အထိ ၃ ရက်ကြာကျင်းပမည်ဖြစ်သည်။

ရန်ကုန်မြို့ မြေနီကုန်း ရှင်စောပုလမ်းရှိ Myanmar Event Park တွင်ကျင်းပမည့်ယင်းပွဲသို့ မော်တော်ယာဉ် အပိုပစ္စည်းနှင့် အစိတ်အပိုင်းများကိုတင်သွင်းသူများ ၊မော်တော်ယာဉ်ပြုပြင်မှုဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းများ၊ ပညာရှင်များနှင့် တွေ့ဆုံခွင့် ရရှိမည်ဟု 'MYANAUTO 2015' အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ ထိုင်ဝမ်နှင့် အိန္ဒိယ၊ ဂျပန်နိုင်ငံများမှ လာရောက်ပြသကြမည်ဖြစ်သည်။ ဂျပန်ကား တာယာကုမ္ပဏီကြီးဖြစ်သည့် Bridgestone ကလည်း 'MYANAUTO 2015' ၌ လာရောက်ပြသမည်။

ပထမအကြိမ်အဖြစ် ၂၀၁၃ ခု နိုဝင်ဘာတွင်ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၄ ခု စက်တင်ဘာ၊ ယခု တတိယ အကြိမ် ၂၀၁၅ ခု အောက်တိုဘာတွင် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကားတင်သွင်းခွန်လျော့လိုက်သဖြင့် ၂၀၁၄ ခု တစ်နှစ်အတွင်းပင် ကားအစင်းရေ ၄ သိန်းကျော် မှတ်ပုံတင်ခဲ့သည်ဟု ဖော်ပြထားသည်။ ဘီအမ်ဒဗလျူ၊ မာစီဒီး၊ နစ်ဆန်း၊ ဟွန်ဒိုင်း၊ တိုယိုတာနှင့် ကေအိုင်အေ ကားများ အား ဝယ်လိုအားမြှင့်တက်လာနေသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags