ပီရူး သမ္မတဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးထိန်းသိမ်း

ပီရူး သမ္မတဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးထိန်းသိမ်း

ဧပြီ ၁၁ ။     ။ ပီရူးသမ္မတဟောင်း ပက်ဒရို ပက်ဘလို ကုစညက်စကီကို အကျင့်ပျက်ခြစားမှု သံသယဖြင့် ဧပြီ ၁၀ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရပါတယ်။

၎င်းကို ခြစားမှုနဲ့ စုံစမ်းစစ်ဆေးဖို့အတွက် ၁၀ ရက်ကြာ ကနဦးထိန်းသိမ်းမှု အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပီရူးရဲတပ်ဖွဲ့က အသက် ၈၀ အရွယ် သမ္မတဟောင်း ကုဇညက်စကီကို ၎င်းရဲ့ နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ယခုလို ထိန်းသိမ်းမှုနဲ့ပတ်သက်လို့ သမ္မတဟောင်း ကုဇညက်စကီကတော့ တွစ်တာကနေတဆင့် ပြစ်တင်ဝေဖန်သွားပါတယ်။

" ဒါက တစ်ဘက်သန်ဆန်တဲ့ လုပ်ရပ်ပါ၊ စုံစမ်းစစ်ဆေးမှုတွေ အားလုံးကို ကျွန်တော် အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ခဲ့ရဲ့သားနဲ့ ခုတော့ ထိန်းသိမ်းခံလိုက်ရတယ်" လို့ ၎င်းက ရေးသားထားပါတယ်။

၂၀၁၆ ကနေ ၂၀၁၈ အထိ ပီရူးသမ္မတအဖြစ် တာဝန်ထမ်းခဲ့တဲ့ သမ္မတဟောင်း ကုဇညက်စကီကတော့ ယခုလို ခြစားမှု စစ်ဆေးမှုတွေကြောင့် နိုင်ငံကနေ ပြည်ပ ထွက်ခွာခွင့်ပါ ပိတ်ပင်ခံထားရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly