အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန် စာရင်းသွင်း

အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန် စာရင်းသွင်း

၀ါရှင်တန်၊ ဧပြီ ၉ ။     ။ အီရန်ရဲ့ အထူးစစ်တပ်ဖြစ်တဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ကို အမေရိကန်နိုင်ငံက အကြမ်းဖက်စာရင်းသွင်းကြောင်း  သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်လိုက်ပြီးနောက်မှှှာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း အတည်ပြုလာပါတယ်။

ခုလို အကြမ်းဖက်အဖြစ် သတ်မှတ်ပြီးဖြစ်တာကြောင့် ဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ချိတ်ဆက်ပတ်သက်မှု မလုပ်ဆောင်ဖို့ကိုလည်း ပွန်ပီယိုက သတိပေးပြောဆိုပါတယ်။

ခုလို နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်ကို အကြမ်းဖက်အုပ်စုအနေနဲ့ သတ်မှတ်တာဟာ အမေရိကန်အနေနဲ့ ဒါဟာ ပထမဆုံးပါ။

အီရန်ကလည်း လက်တုံ့ပြန်ပြီး အရှေ့အလယ်ပိုင်းက အမေရိကန်တပ်ဖွဲ့တွေကို အကြမ်းဖက််အဖွဲ့အဖြစ် ကြေညာလိုက်ကြောင်း အီရန်နိုင်ငံပိုင်သတင်းက ဖော််ပြပါတယ်။

နိုင်ငံတကာ အီရန်နျူကလီးယား ပဋိညာဉ်ကနေ အမေရိကန် နုတ််ထွက်ပြီးနောက်မှာ အီရန်နဲ့ အမေရိကန် နှစ််နိုင်ငံကြား တင်းမာမှု မြင့်တက်နေခဲ့တာပါ။

အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုုက်ပြီဖြစ်တာကြောင့် အမေရိကန််အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ််တိုးချမှတ်နိုင်တော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အီရန်ရဲ့ စီးပွားရေးအတွင်း တော်လှန်ရေးအစောင့်တပ် ပါဝင်မှုတွေအပေါ် ပစ်မှတ်ထားနိုင်တော့မှာပါ။

အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ လက်အောက်အဖွဲ့အစည်းတွေကို အကြမ်းဖက်ဝါဒကို ထောက်ပံ့မှု၊ လူ့အခွင့်အရေး အလွဲသုံးစားမှုတွေနဲ့ အမေရိကန်က ဒဏ််ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးလည်း ဖြစ််ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly