အသင်းကအလိုမရှိလျှင် ထုတ်နိုင်ပြီး ၎င်းကတော့နုတ်မထွက်ဟု မော်ရင်ဟိုပြော

အသင်းကအလိုမရှိလျှင် ထုတ်နိုင်ပြီး ၎င်းကတော့နုတ်မထွက်ဟု မော်ရင်ဟိုပြော

ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက အသင်းမှနုတ်ထွက်မည် မဟုတ်ဟုပြောဆိုခဲ့ပြီး အကယ်၍အသင်းကအလိုမရှိတော့လျှင် ထုတ်ပယ်နိုင်သည် ဟု ဆိုသည်။ ပရီးမီးယားလိဂ်လက်ရှိ ချန်ပီယံချယ်လ်ဆီး အသင်းသည် ဆောက်သမ်တန်ကို ၃-၁ ဂိုးဖြင့်ရှုံးခြင်းမှာ လက်ရှိရာသီပရီးမီးယားလိဂ် ရှစ်ပွဲတွင် လေးပွဲမြောက်ရှုံးနိမ့်ခြင်းဖြစ်သည်။

"ကျွန်တော်ဒါကို ရှင်းရှင်းပြောချင်ပါတယ်။ တစ်…ကျွန်တော်ထွက်မပြေးဘူး။ နှစ်… တကယ်လို့အသင်းကထုတ်ချင်တယ်ဆိုရင် ထုတ်လိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က ကျွန်တော့်တာဝန် နဲ့အသင်းကနေ ထွက်မပြေးဘူး"ဟု မော်ရင်ဟိုက ပြောသည်။

ချယ်လ်ဆီးအသင်းသည် နယူးကာဆယ်ကို ၆-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့် ၁၀ မှတ်အကွာ အမှတ်ပေးဇယား အဆင့် ၁၆ နေရာတွင်ရပ်တည်နေသည်။

"အခုအချိန်မှာ ချန်ပီယံဖြစ်ဖို့က သိပ်ခက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမှတ်ကွာဟမှုက မြဲနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆင့် လေးအတွင်းဝင်မယ်ဆိုတာကိုတော့ ပိုပြီးယုံကြည်မှုရှိပြီး သိပ်ဆိုးတဲ့ရာသီမှာ အဆင့်လေးအတွင်းဝင်ရင် အဆင်ပြေတယ်လို့ဆိုရမယ်။ သုံး…ဒီအချက်ကတော့ တစ်နဲ့နှစ်အချက်ထက်ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ ဒီအချိန်က အသင်းသမိုင်းမှာ အကြပ်တည်း ဆုံးအချိန်ပဲ။ ဘာကြောင့်လဲသိလား။ ဘာကြောင့်လည်းဆိုတော့ သူတို့ကျွန်တော့်ကိုထုတ်တာက သူတို့ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးနည်းပြကို ထုတ်လိုက်တာဖြစ်လို့ပဲ"ဟု မော်ရင်ဟိုက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly