ပီရူး ဘတ်စ်ကား မီးလောင်မှု သေဆုံးသူ လူ ၁၇ ဦးထိ ရှိ

ပီရူး ဘတ်စ်ကား မီးလောင်မှု သေဆုံးသူ လူ ၁၇ ဦးထိ ရှိ

ဧပြီ ၂ ။     ။ ပီရူးနိုင်ငံ မြို့တော် လီမာရှိ ကားဂိတ်တစ်ခုမှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က နှစ်ထပ်ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ခဲ့လို့ ခရီးသည် ၁၇ ဦးထက်မနည်း သေဆုံးသွားခဲ့ရပြီး အခြား ၈ ဦး ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့တယ်လို့ မီးသတ်ဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ ဘတ်စ်ကားရဲ့ အနောက်ပိုင်းကနေ မီးလောင်ခဲ့တာ ဖြစ်ပြီး ယင်းမီးက ကားရှေ့ပိုင်းက မြန်မြန်ဆန်ဆန် ကူးစက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဘတ်စ်ကား မီးလောင်ရခြင်း အကြောင်းရင်းကို  သိရဖို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

လီမာ မြို့တော်ဝန် ဂျော့ မြူနို့ဇ်ရဲ့ အဆိုအရ ယင်း ကားဟာ တရားမဝင် စက်သုံးဆီ ရောင်းတဲ့ ဆိုင်အနီးက ကားဂိတ်တစ်ခုမှာပဲ ရပ်ခဲ့စဉ် မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၄ ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။

မီးလောင်စဉ် ယင်း ဘတ်စ်ကားပေါ်မှာ လူဘယ်လောက် ရှိနေခဲ့သလဲ ဆိုတာကိုတော့ လက်ရှိအချိန်ထိ အာဏာပိုင်တွေဘက်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly