စမတ်ဖုန်း ၂၄ လုံးနဲ့ Pokemon ဂိမ်းကစားတဲ့ ထိုင်ဝမ် အဘိုးအို

စမတ်ဖုန်း ၂၄ လုံးနဲ့ Pokemon ဂိမ်းကစားတဲ့ ထိုင်ဝမ် အဘိုးအို

မတ် ၃၁ ။    ။ ထိုင်ဝမ်က အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦးကတော့ စမတ်ဖုန်း ၂၄ လုံး ကို သုံးပြီး တစ်ချိန်တည်းနဲ့ Pokemon ပိုကီမွန် ဂိမ်း ကစားတယ်လို့ သိရပါတယ်။

ပိုကီမွန် ၀ါသနာအိုး ၎င်းထိုင်ဝမ်အဘိုးအိုဟာ ၎င်းရဲ့ စက်ဘီးမှာ ဖုန်း ၂၄ လုံးကို တပ်ဆင်ထားပြီး နေ့စဉ် ခရီးရှည် စက်ဘီးစီးပြီးတော့ ပိုကီမွန် အကောင်လေးတွေကို လိုက်ဖမ်းကစားလေ့ရှိတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ရှိ လမ်းဆုံ၊လမ်းခွ၊ လမ်းမနေရာတွေမှာတော့ အသက်အရွယ် အပိုင်းအခြားမရွေး  ယင်းပိုကီမွန် ဂိမ်းကစားနေသူတွေကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုမျိုး များစွာသော ပိုကီမွန် ကစားသူတွေထဲမှာ အဘိုးအို ချန်ဆန်ယွမ်လည်း အပါအဝင်ဖြစ်ပါတယ်။

“Uncle Pokemon” လို့ ချစ်စနိုး အခေါ်ခံရတဲ့ ထိုင်ဝမ်အဘိုးအို ချန် ကတော့ ဒီ ဂိမ်းကို စပြီး ကစားခဲ့တဲ့ ၂၀၁၆ နောက်ပိုင်း အကောင်ငယ်ပေါင်း ၄၅ သန်းလောက် ဖမ်းမိထားတယ်လို့ သိရပါတယ်။

မြေးဖြစ်သူ သင်ပေးလို့ ဒီဂိမ်းကို စကစားခဲ့တာဖြစ်ပေမယ့် ခုချိန်မှာ အဘိုးအို ချန်ဟာ ယင်း ဒေသမှာ သူ့ကို လူတော်တော်များများက သိနေကြပြီဖြစ်ကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly