အာဂျင်တီးနား ပြည်သူ သုံးပုံ တစ်ပုံနီးပါး ဆင်းရဲနွမ်းပါးမှုအောက်မှာ နေထိုင်နေကြရဟု ဆို

အာဂျင်တီးနား ပြည်သူ သုံးပုံ တစ်ပုံနီးပါး ဆင်းရဲနွမ်းပါးမှုအောက်မှာ နေထိုင်နေကြရဟု ဆို

မတ် ၂၉ ။    ။ စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှု ပိုဆိုးလာမှုကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ဒုတိယနှစ်ဝက်ကာလမှာ အာဂျင်တီးနား ပြည်သူ ၃၂ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲနွမ်းပါးမှု လိုင်းရဲ့ အောက်မှာ ကျရောက် နေထိုင်ရလျက် ရှိကြောင်း Indec statistics အေဂျင်စီက မတ်လ ၂၈ မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယမန်နှစ် ဇွန် ၃၀ နဲ့ ဒီဇင်ဘာ ၃၁ အကြား ယင်းနိုင်ငံရဲ့ မြို့ပြဧရိယာမှာ ဆင်းရဲနွမ်းပါးမှု  ဖြစ်ပွားမှု ပမာဏဟာ ၄ ဒသမ ၇ ရာခိုင်နှုန်း အမှတ်အထိ တက်လာခဲ့တယ်လို့ သိရပါတယ်။

“ ဆင်းရဲနွမ်းပါးမှုကြောင့် ပြည်သူတွေ ထိခိုက်ခံစားနေရတယ်ဆိုတာ ရှင်းပါတယ်၊ ဒီကနေ့ကတော့ ဝမ်းနည်းစရာ နေ့တစ်နေ့ပါ၊ မနေ့ကလည်း ဒီတိုင်းပါပဲ၊ ပြီးခဲ့တဲ့ နှစ်ကလည်း ဒီအတိုင်းပါပဲ၊ ဘာလို့ ဆိုတော့ အာဂျင်တီးနားမှာ ဆင်းရဲနွမ်းပါးမှုနှုန်းက ပြီးခဲ့တဲ့နှစ်များစွာကတည်းက မြင့်တက်နေခဲ့လို့ပါ”  လို့ လူမှု  ဖွံ့ဖြိုးရေး ဝန်ကြီး ကာရိုလီနာ စတန်လေက အထက်ပါအစီရင်ခံစာထွက်ရှိပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

လက်ရှိအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့အတွက် သမ္မတ မော်ရီစီယို မာခရီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကလည်း နေ့စဉ်နဲ့အမျှ ကြိုးပမ်းနေလျက် ရှိကြောင်း သူမက ပြောသွားပါတယ်။

သမ္မတ မာခရီ အစိုးရကတော့ နိုင်ငံမှာ  ဆင်းရဲနွမ်းပါးမှုကို လျော့ကျပပျောက်အောင် ရှင်းလင်းမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ၂၀၁၅ ဒီဇင်ဘာလမှာ စတင် အာဏာရလာခဲ့တာဖြစ်ပါတယ်။

နိုင်ငံမှာ နေထိုင်မှု စရိတ်တွေ ကြီးမြင့်လာခြင်းနဲ့အတူ ယမန်နှစ် ၂၀၁၈ ဒုတိယနှစ်ဝက်မှာ ဆင်းရဲနွမ်းပါးမှု နှုန်း တိုးလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly