ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် တိုက်မှု ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် တိုက်မှု ဖြစ်ပွား
ဓါတ်ပုံ-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်၊ မတ် ၂၉ ။    ။ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၅၈/၄အနီးတွင် မန္တလာမင်း Expressယာဉ်နှင့် Canter ကုန်တင်ယာဉ် တို့ တိုက်မိမှုတစ်ခု မတ်လ ၂၉ရက် နံနက် ၅နာရီ ၃ဝက ဖြစ်ပွားခဲ့သည်။

 ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၅၈/၄ အနီးတွင် ကျိုက်ထိုမြို့တွင်နေထိုင်သော ယာဉ်မောင်း ကိုမျိုးမင်းလတ်၊ ၃ဝနှစ်၊ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 7P- 2---Yutong အမျိုးအစား အနီရောင် မန္တလာမင်း Express သည် ယာဉ်မောင်း အိပ်ငိုက်ပြီး ရှေ့မှ လားရာတူ မောင်းနှင်နေသေည့် ယာဉ်မောင်း ကိုတင်ဝင်းမောင်းနှင်သော 9K/1---Canter ကုန်တင်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မန္တလာမင်းယာဉ်မှာ ဂါတ်ဝေးတန်းအား ကျော်တက်၍ တစ်ဖက်ယာဉ်ကြောတွင် ရပ်တန့်သွားကြောင်း Express ယာဉ်ပေါ်တွင်လိုက်ပါလာသော ယာဉ်မောင်းအပါအဝင် ကျား ၁၉ဦး၊ မ ၄ဦး စုစုပေါင်း ၂၃ဦးပါရှိပြီး ယာဉ်အကူ အောင်မြတ်သူ တွင် ထိခိုက်ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပေပင်လေး စခန်းမှ တပ်ဖွဲ ့ဝင်များက တောင်ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တပ်ဖွဲ့ပိုင််ယာဉ်ဖြင့် ပို့ဆောင်ခဲ ့ ရာ ဆေးရုံရောက်ရှိသည့်အချိန်တွင် သေဆုံးသွားကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly