၂၀၁၉ ခုနှစ် ရန်ကုန်သင်္ကြန်တွင် ဗဟန်းမြို့နယ်တွင် သံချပ်ဗဟိုမဏ္ဍပ် ထားရှိမည်

၂၀၁၉ ခုနှစ် ရန်ကုန်သင်္ကြန်တွင် ဗဟန်းမြို့နယ်တွင် သံချပ်ဗဟိုမဏ္ဍပ် ထားရှိမည်
ဓာတ်ပုံ- သူရ

ရန်ကုန်၊မတ် ၂၈ ။     ။ ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်သော သံချပ်အဖွဲ့များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ တို့ပူးပေါင်းပြီး ဗဟန်းမြို့နယ်တွင် သံချပ်ဗဟိုမဏ္ဍပ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်ကတော့ နည်းနည်းလေး သံချပ်ကို စိတ်လွတ်လက်လွတ်ဖွင့်ပေးဖို့အတွက် ဗဟန်းမြို့နယ်ကို သံချပ် ဗဟိုဆိုပြီး တင်လိုက်တယ်။ခါတိုင်းဆို သူတို့ဟာ သူတို့လုပ်တယ်။ ဒီနှစ်တော့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ စည်ပင်သာယာနဲ့ပံ႔ပိုးချက်နဲ့ သံချပ်ဗဟိုဆိုပြီး အမှန်မှာ သံချပ်က ဘယ်နေရာမှ မရှိဘူး။ဒီနေရာဘဲရှိတာ အဲ့မှာ နည်းနည်းမြှင့်ပေးလိုက်တယ်။ အဲ့မှာသံချပ်တွေသွားပြိုင်ကြတော့" ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

သင်္ကြန်တွင် ဖျော်ဖြေမည့် (သို့မဟုတ်) ပြိုင်ပွဲဝင်မည့် သံချပ်အဖွဲ့များအနေဖြင့် သံချပ်စာသား၊သီချင်းများကို မတ်လ ၃၁ရက်နေ့နောက်ဆုံးထားခွင့်ပြုချက်တင်ရမည်ဖြစ်ပြီး ခွင့်ပြုချက်မတင်ပါက သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေခွင့်ပြုမည်မဟုတ်ကြောင်း မဟာသင်္ကြန် သီချင်း၊သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော်၊သင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရန်အတွက် လက်ရှိတွင် သံချပ်အဖွဲ့ ၂ဝကျော်မှ စည်ပင် သာယာရေးကော်မတီသို့ ခွင့်ပြုချက်တင်ရန်ရှိနေကြောင်း သံချပ်အဖွဲ့ွများထံမှ သိရသည်။

"ကျွန်တော်တို့အသင်းက သာကေတမြို့နယ်ကို အခြေခံပြီးတော့ အသင်းက ခါတိုင်းထွက်ပြီး ဖျော်ဖြေ တာပေါ့။သင်္ကြန် အသင်းထွက်နေတာတဲ့အခါကျတော့ ဒီဗဟိုပြုထားတဲ့ မဏ္ဍပ်ကိုလည်း သွားရမှာပေါ့လေ။ မဏ္ဍပ်ကလည်း အများကြီးရှိတာမှ မဟုတ်ဘဲ" ဟု ပြည်သူ့မော်ကွန်းသံချပ်အဖွဲ႔ မှ ဦးစိန်ဝင်းက ဆိုသည်။

 အဆိုပါ ရန်ကုန်မြို့တော်သင်္ကြန်တွင် ခရိုင်အလိုက် သံချပ်ပြိုင်ပွဲများ၊ဖျော်ဖြေပွဲများ ပြုလုပ်တော့မည်မဟုတ်ဘဲ မြို့နယ်အလိုက်ပြိုင်ပွဲနှင့် ဖျော်ဖြေမှုများကို ပြုလုပ်ရန်ခွင့်ပြုထားကြောင်းသိရသည်။
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required