ပါကစ္စတန်မှာ ပြည်သူ သန်းနဲ့ချီ အာဟာရ ချို့တဲ့နေ

ပါကစ္စတန်မှာ ပြည်သူ သန်းနဲ့ချီ အာဟာရ ချို့တဲ့နေ

မတ် ၂၆ ။     ။ ပါကစ္စတန်နိုင်ငံမှာ အစားအစာ ပေါများလှပေမယ့်လည်း ကလေးငယ်အများစုအပါအဝင် လူပေါင်း သန်းနဲ့ချီ အာဟာရချို့တဲ့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ယင်းနိုင်ငံက လူဦးရေ သန်း ၂၀၀ ကျော်မှာ ငါးဦးလျင် တစ်ဦးနှုန်းလောက်က အာဟာရချို့တဲ့နေတယ်လို့ ဆင်းရဲနွမ်းပါးမှု စောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ အစားအစာ မူဝါဒ သုတေသနဌာန IFPRI က ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ကလေးငယ် သေဆုံးမှုနှုန်း အမြင့်ဆုံး နိုင်ငံတွေအနက်ကလည်း တစ်နိုင်ငံအဖြစ် ပါဝင်နေတဲ့ ယင်းနိုင်ငံမှာတော့ ခုလို အာဟာရချို့တဲ့မှုက ထူပြောနေတာဖြစ်ပါတယ်။

Sindh ပြည်နယ်က Mithi အရပ်ဘက်ဆေးရုံက ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဒီလစ်ပ် ကူးမားရဲ့ အဆိုအရ နေ့စဉ်နေ့တိုင်း ဆေးရုံကို ရောက်လာသူ လူနာ ၁၅၀ ကနေ ၂၅၀ အကြားလောက် ရှိနေပြီး ၎င်းတို့အနက် ငါးပုံ တစ်ပုံလောက်က အာဟာရချို့တဲ့မှု ခံစားနေရကြောင်း ပြောသွားပါတယ်။

နိုင်ငံမှာ အစားအစာ ထုတ်လုပ်နိုင်မှု အားကောင်းနေတဲ့ကြားက ခုလိုဖြစ်နေရခြင်းကတော့ လူမှု စီးပွား ပြဿနာနဲ့ အဓိက သက်ဆိုင်ကြောင်း ပညာရှင်တွေက ပြောကြပါတယ်။

အစားအစာတွေ ထုတ်လုပ်နေပေမယ့်လည်း ယင်းအစားအစာ ပေါများတိုင်း လူတိုင်း ရယူနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ကြောင်း ၎င်းကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly