ပါရီ မိုးမျှော်တိုက်ပေါ် တက်ခဲ့ပြန်တဲ့ ပြင်သစ် ပင့်ကူလူသား

ပါရီ မိုးမျှော်တိုက်ပေါ် တက်ခဲ့ပြန်တဲ့ ပြင်သစ် ပင့်ကူလူသား

မတ် ၂၆ ။           ။ ပြင်သစ် ပင့်ကူလူသား ရယ်လို့ သိကြတဲ့ အသက် ၅၆ နှစ်အရွယ် အလိန်း ရောဘတ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က ပါရီမြို့က အမြင့် ၁၈၅ မီတာရှိ ၃၇ ထပ် Engie Tower ကြီးပေါ်ကို အလွတ် တက်ပြခဲ့ပြန်ပါတယ်။

အဆိုပါ အမြင့်တက် ကျွမ်းကျင်သူ ပင့်ကူလူသားကတော့ ပါရီမြို့ရှိ Notre Dame ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်ကြီးကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက် ရန်ပုံငွေ လိုနေတယ်ဆိုတာကို လူအများကို သိရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ယခု အဆောက်အအုံကို တက်ပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

" ခုချိန်မှာ ပြင်သစ် ယဉ်ကျေးမှု အမွေအနှစ် ဖြစ်တဲ့ Notre Dame ဘုရားကျောင်းကို ကယ်တင်ဖို့ လိုနေပါတယ်၊ ဒီ ဘုရားရှိခိုးကျောင်းကို ပြန်ပြုပြင်ထိန်းသိမ်းဖို့ ယူရို သန်း ၁၅၀ လောက် လိုနေတယ်လို့ သိရပါတယ် "  ဆိုပြီး အလိန်း ရောဘတ်က ပြောသွားပါတယ်။

" ခုကိစ္စက အလိန်းရောဘတ်က ကျွန်တော်တို့ကိုလည်း မဆက်သွယ်ခဲ့ပါဘူး၊ သူ့ကို ဒီလိုလုပ်ဖို့လည်း ကျွန်တော်တို့ တိုက်တွန်းခဲ့တာမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီလိုလုပ်လိုက်တာ့ ကျွန်တော်တို့အတွက် အကူအညီတော့ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီလို စွန့်စားတာမျိုးကိုတော့ အားမပေးချင်ပါဘူး" ဆိုပြီး ယင်း ဘုရားရှိခိုးကျောင်းက ဆက်သွယ်ပြန်ကြားရေး တာဝန်ခံ အန်ဒရေ ဖီနော့တ်က ပြောသွားပါတယ်။

ပြင်သစ်ပင့်ကူလူသား အလိန်းရောဘတ်ကတော့ ယင်း Engie တာဝါကြီးပေါ်ကို အချိန် ၄၅ မိနစ်ယူပြီး တက်ပြခဲ့တယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly