ရွေးကောက်ပွဲရလဒ် မရေရာတဲ့ကြားမှာ ထိုင်းပြိုင်ဖက်ပါတီကြီးနှစ်ရပ်က ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစား

ရွေးကောက်ပွဲရလဒ် မရေရာတဲ့ကြားမှာ ထိုင်းပြိုင်ဖက်ပါတီကြီးနှစ်ရပ်က ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစား

ဘန်ကောက်၊ မတ် ၂၆ ။     ။ ထိုင်းနိုင်ငံမှာ ၂၀၁၄ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ဖက်ပါတီကြီးနှစ်ပါတီဟာ ၎င်းတို့အနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ကြိုးစားနေကြောင်း နှစ်ပါတီစလုံးက ပြောပါတယ်။

အစောပိုင်းရွေးကောက်ပွဲရလဒ်တွေမှာ စစ်တပ်လိုလားတဲ့ ဖလန်ပရာချာရတ်ပါတီက ထောက်ခံမဲအများစုနဲ့ အများစု အနိုင်ရထားပါတယ်။

တစ်ချိန်တည်းမှာပဲ အဓိကအတိုက်အခံပါတီ ပျူထိုင်းပါတီက လက်ရှိမှာ ပါလီမန်အတွင်း အမတ်နေရာအများဆုံးကို ရရှိထားပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ မဲရေတွက်မှုမှာ ရှုပ်ထွေးမှုတွေ ရှိနေတဲ့အချိန်မှာပဲ ပုံမှန်ရိုးသားမှု မရှိဘူးလို့ ပြောဆိုမှုတွေလည်း မြင့်တက်လျက် ရှိနေပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာလည်း ရှင်းလင်းပြောဆိုချက် တစ်စုံတစ်ရာ မထုတ်ပြန်ဘဲ ရွေးကောက်ပွဲ အပြည့်အစုံရလဒ်ကို ကြေညာဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။

ထိုင်းနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ မဲပေးပုံစနစ်မှာ ထောက်ခံမဲရရှိမှု အရေအတွက်အရ ပါလီမန်နေရာအချို့ကို ခွဲဝေသတ်မှတ်တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ စစ်တပ်က ပြောင်းလဲပြဌာန်းခဲ့တဲ့ ရွေးကောက်ပွဲဥပဒေဟာလည်း စစ်တပ်ထောက်ခံတဲ့ အုပ်စုတွေကို အာဏာပေးဖို့ အဓိက ရည်ရွယ်ထားတယ်လို့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။

ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာနဲ့ ပတ်သက်တဲ့ ပျူထိုင်းပါတီဟာ ပါလီမန် အောက်လွှတ်တော်မှာ အမတ်နေရာ ၅၀၀ မှာ ၁၃၇ နေရာကို ရရှိထားကြောင်း တနင်္လာနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

လက်ရှိ ထိုင်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ထောက်ခံတဲ့ ဖလန်ပရာချာရတ်ပါတီက ၉၇ နေရာနဲ့ ဒုတိယနေရာက လိုက်နေကြောင်း ကော်မရရှင်က ပြောခဲ့ပါတယ်။

အခြားပါတီအချို့ဟာ အမတ်နေရာ ၃၀ နဲ့ ၃၉ ကြား ရရှိပေမယ့် အမတ်နေရာ ၁၅၀ အတွက် ထောက်ခံမဲနဲ့ ပတ်သက်ပြီး မသိရသေးကြောင်း ကော်မရှင်က ကြေညာခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly