ရောင်စုံဆေးမှုန့်တွေနဲ့ ပက်ဖျန်းတဲ့ ဟိန္ဒူရိုးရာ ဟိုလီသင်္ကြန်ပွဲတော် အိန္ဒိယမှာ ကျင်းပ

ရောင်စုံဆေးမှုန့်တွေနဲ့ ပက်ဖျန်းတဲ့ ဟိန္ဒူရိုးရာ ဟိုလီသင်္ကြန်ပွဲတော် အိန္ဒိယမှာ ကျင်းပ
ဓာတ်ပုံ - EPA

နယူးဒေလီ၊ မတ် ၂၁ ။          ။ အိန္ဒိယနိုင်ငံမှာ ရောင်စုံဆေးမှုန့်တွေနဲ့ ပက်ဖျန်းတဲ့ ဟိန္ဒူရိုးရာ ဟိုလီသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်လွှားမှာ ပျော်ရွှင်စွာ ကျင်းပကြပါတယ်။

ဒီပွဲတော်မှာ တစ်ဦးကို တစ်ဦး ရောင်စုံဆေးမှုန့်တွေနဲ့ ပက်ကြရင်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြတာပါ။ ရောင်စုံဆေးမှုန့်တွေ ပက်ဖျန်းနေကြတဲ့ကြား သီချင်းဂီတသံတွေနဲ့အတူ ကခုန်နေကြသူတွေကိုလည်း လမ်းတွေပေါ်မှာ ပျော်ရွှင်စွာ မြင်တွေ့ရပါတယ်။

တစ်ချို့သော ဟိုလီသင်္ကြန်ပျော်ပါးသူတွေဟာ ရေထိုးပိုက်လို ပိုက်ကြီးမျိုးကနေ ဆေးမှုန့်တွေကို ကခုန်နေကြသူတွေ၊ ပွဲတော်မှာ ပျော်ပါးနေကြသူတွေကို မှုတ်ဖျန်းနေတာကိုလည်း တွေ့မြင်ရပါတယ်။

အိန္ဒိယသင်္ကြန်လို့ ဆိုရမယ့် ဟိုလီပွဲတော်ကို နှစ်စဉ် ပြက္ခဒိန်လရဲ့ နောက်ဆုံးလပြည့်ချိန် ဆောင်းရာသီအကုန်မှာ ကျင်းပလေ့ ရှိပါတယ်။

နွေဦးပွဲတော်ဖြစ်တဲ့ ဟိုလီသင်္ကြန်ပွဲတော်မှာ အချင်းချင်း ရောင်စုံဆေးတွေ လိမ်းခြယ်ပက်ဖျန်းကြသလို သက်ကြီးရွယ်အိုတွေကို ဂါရဝါပြုတာ၊ တစ်နှစ်တာအတွင်း ပြုခဲ့ဖူးတဲ့ အမှားတွေကို သည်းခံဖို့ တောင်းပန်တာတွေကို ပြုလုပ်ကြတဲ့ အစဉ်အလာ ရိုးရာပွဲတော်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly