နယ်သာလန်မှာ ဓာတ်ရထားတစ်စီးအတွင်း ပစ်ခတ်မှု ဖြစ်၍ တစ်ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိ

နယ်သာလန်မှာ ဓာတ်ရထားတစ်စီးအတွင်း ပစ်ခတ်မှု ဖြစ်၍ တစ်ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိ

အူထရက်၊ မတ် ၁၈ ။      ။ (Updated) နယ်သာလန်နိုင်ငံ အူထရက်မြို့မှာ ဓာတ်ရထားတစ်စီးအတွင်း သေနတ်ပစ်ခတ်မှု တစ်ရပ်ဖြစ်ပွားရာမှ တစ်ဦး သေဆုံးပြီး  ဒဏ်ရာရသူတွေလည်း အတော်အတန် ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပြီး ဒီပစ်ခတ်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ ဖြည့်စွက်ဆိုပါတယ်။

နယ်သာလန်နိုင်ငံရဲ့ အကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ အူထရက်မြို့မှာ တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်က ၂၄ အောက်တိုဘာ ရင်ပြင်မှာ ဖြစ်ပွားတဲ့ ဒီ ပစ်ခတ်မှု အခင်းဖြစ်ရာနေရာမှာ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ဌာန ဝန်ထမ်းတွေ ရောက်ရှိနေပြီး အဖုံးအကာ လွှားထားတဲ့ ရုပ်အလောင်းတစ်လောင်ကို မြင်တွေ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ပစ်ခတ်သူနောက်ကို လိုက်လံမြေလှန် ရှာဖွေလျက် ရှိနေပါတယ်။

“ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တာကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားထားတယ်။”လို့ အမျိုးသား လုံခြုံရေးနှင့် တန်ပြန်အကြမ်းဖက်မှု ပူးပေါင်းဆောင်ရွက်ရေးမှူး ပီဂျေအယ်ဘာစဘတ်ချ်က တွစ်တာမှာ ရေးသားပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရဲက သံသယရှိ ဖမ်းမိထားသူ တစ်ယောက်မှ မရှိသေးကြောင်း ရဲဌာန ပြောခွင့်ရသူ လန်ရှာဂျီက ပြောပါတယ်။ ပစ်ခတ်မှုတော့ မရှိတော့ပေမယ့် ရဲက တရားခံကို ရှာဖွေဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေကြောင်း ၎င်းက ဆိုပါတယ်။

တားမြစ်ပိတ်ဆို့ထားပြီဖြစ်တဲ့ ပစ်ခတ်မှု ဖြစ်ပွားရာဆီ ကယ်ဆယ်ရေး ရဟတ်ယာဉ် သုံးစီး စေလွှတ်ထားကြောင်းလည်း ၎င်းက ပြောပါတယ်။

ခုလို ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း ဝန်ကြီးချုပ် မတ်ရုက စီအင်န်အင်န်ရဲ့ ဌာနခွဲ RTL သတင်းဌာနကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly