ဘိုင်ကယ်ရေကန်ကို အသုံးပြုနေတဲ့ တရုတ်စက်ရုံကို ရုရှားမှာ ကန့်ကွက်ဆန္ဒပြ

ဘိုင်ကယ်ရေကန်ကို အသုံးပြုနေတဲ့ တရုတ်စက်ရုံကို ရုရှားမှာ ကန့်ကွက်ဆန္ဒပြ

မော်စကို၊ မတ် ၁၆ ။           ။ ရုရှားနိုင်ငံရဲ့ ဘိုင်ကယ်ရေကန်ကြီးက ရေကို တရုတ်နိုင်ငံ ရန်ပုံငွေ မတည်တဲ့ စီမံကိန်းတစ််ရပ််ကနေ ရယူနေတာနဲ့ ပတ်သက်ပြီး ဆိုက််ဘေးရီးယားနယ်မှာ မကျေမနပ် တုံ့ပြန်မှုတွေ ရှိနေပါတယ်။

ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ ဒီ ရေကန်ကြီးက ရေကို ခုလို ရယူခံနေရတာဟာ တရုတ်ရဲ့ နယ်မြေ ရယူအပိုင်ပြုမှုအဖြစ် ဆိုက်ဘေးရီးယား ဒေသခံတွေက ရှုမြင်နေကြပါတယ်။

ဂေဟဗေဒပညာရှင်တွေနဲ့ ဒေသအာဏာပိုင်တွေကတော့ ဘိုင်ကယ်ရေကန်ကြီးက ရေကို ရယူတာဟာ ဆိုက်ဘေးရီးယားဒေသရဲ့ သဘာဝ သယံဇတတွေကနေပြီး အကျိုးအမြတ် ဖော်ဆောင်တဲ့ စိမ်းလန်းသော နည်းလမ်းဖြစ်တယ်လို့ အရင်က ဆွယ်ဟောစည်းရုံးထားခဲ့တာပါ။

ဒါပေမယ့် လူတစ်သန်းနီးပါး လက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုထားချက်မှာတော့ ရုရှားမျိုးချစ်တွေအနေနဲ့ ဘိုင်ကယ်ရေကန်ကြီးရဲ့ ကမ်းခြေမှာ တည်ဆောက်ဆဲ တရုတ်စက်ရုံကို ဖယ်ရှားပစ်ဖို့ တောင်းဆိုထားတာကို တွေ့ရပါတယ်။

“ဒီက ရေကို တရုတ်ပြည်ဆီ တင်ပို့နေတာ ဖြစ်ပြီး အခု စက်ရုံဟာလည်း ဒေသခံတွေအတွက် ရေကန်ကြီးဆီ သွားလို့ မရအောင် ပိတ်ဆို့ခံရမှာ ဖြစ်ကြောင််း၊ ဒါအပြင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒီ ရေကန်ကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို အစားထိုးလို့မရအောင် ပျက်စီးစေမှာ ဖြစ်ကြောင်း”အဆိုပါ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ တရုတ်စက်ရုံ စီမံကိန်းကို ပိတ်သိမ်းပစ်ဖို့ လူမှုမီဒီယာတစ်ခွင်မှာ တောင်းဆိုတိုက်ပွဲဝင်မှုတွေဟာ ပြီးခဲ့တဲ့ လတွေကစပြီး ကျယ်ကျယ်ပြန့်ပြန့််  ဖြစ်ပွားပေါ်ပေါက်လာခဲ့တာပါ။ ကမ္ဘာ့ရေချို ပမာဏရဲ့ ငါးပုံတစ်ပုံ ရှိနေတဲ့ ဒီရေကန်ကြီးရဲ့ တောင်ပိုင်းအငူမှာ တရုတ်စက်ရုံကို တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လူထုရဲ့ သဘောထားကို အရေးတယူ လုပ်ဆောင်လာပြီး တရုတ်စက်ရုံက စည််းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေအပေါ် စစ်ဆေးပြီးတဲ့အချိန်အထိ တည်ဆောက်ရေးကို ရပ်တန့်ထားဖို့ ရုရှားတရားရုံးတစ်ရုံးကနေ သောကြာနေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။

အရင်က ဒေသအာဏာပိုင်တွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ စက်ရုံတည်ဆောက်ရေးကို ခုချိန်မှာ ဝေဖန်လာလာတာအတွက် အံ့သြရကြောင်း တရုတ်ကုမ္ပဏီဖက်က ပြောခဲ့ပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly