ပြည်ပသူလျှိုနဲ့ သတင်းပေးတွေကို နှိမ်နင်းဖြိုခွင်းနေတယ်လို့ ပူတင် ပြော

ပြည်ပသူလျှိုနဲ့ သတင်းပေးတွေကို နှိမ်နင်းဖြိုခွင်းနေတယ်လို့ ပူတင် ပြော

မော်စကို၊ မတ် ၇ ။           ။ ပြီးခဲ့တဲ့နှစ်က ရုရှနိုင်ငံအတွင်းမှာ ပြည်ပသူလျှိုနဲ့ သတင်းပေးရာပေါင်းများစွာရဲ့ လုပ်ဆောင်ချက်တွေကို ရုရှအထူးဌာနတွေက ရပ်တန့်ပစ်နိုင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ သမ္မတ ဗလာဒီမာပူတင်က ပြောလိုက်ပါတယ်။

နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတွေဟာ ရုရှနိုင်ငံအတွင်းမှာ လှုပ်ရှားမှုတွေ စတင်နေကြောင်း ပူတင်က သမ္မတမဖြစ်ခင် ဦးဆောင်ခဲ့တဲ့ FSB လုံခြုံရေးဌာန တာဝန်ရှိသူတွေကို မိန့်ခွန်းပြောပါတယ်။

“ပြည်ပသူလျှိုတွေရဲ့ အထူးစစ်ဆင်ရေးတွေကို အောင်အောင်မြင်မြင် ဖျက်ဆီးပစ်နိုင်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သူလျှို ၁၂၉ ဦးနဲ့ သတင်းပေး ၄၆၅ ဦးတို့ရဲ့ လှုပ်ရှားမှုတွေကို အမြစ်ဖြတ်ပစ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။”လို့ ပူတင်က ဆိုပါတယ်။

“ရုရှနယ်ထဲမှာ ခြေရှုပ်ဖို့ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတွေက လုံးပမ်းနေကြတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာသတင်းအချက် စတဲ့နယ်ပယ်တွေကို ထိုးဖောက်ဖို့ လုပ်နေကြတယ်။”လို့ ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ရုရှရဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေဟာ ကမ္ဘာ့သတင်းစာမျက်နှာတွေပေါ် ရောက်လာခဲ့ပါတယ်။

ရုရှနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ခြေရှုပ်တယ်လို့ စွပ်စွဲခံထားရသလို ရုရှသူလျှိုဟောင်းတစ်ဦးကို ဗြိတိန်မြေပေါ်မှာ သတ်ဖြတ်လုပ်ကြံခဲ့တယ်လို့လည်း သံသယမကင်း ဖြစ်ခံထားရတာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly