စိုက်ပျိုးကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးလာစေရန် လမ်းနှင့်တံတားများ တည်ဆောက်နေ

စိုက်ပျိုးကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးလာစေရန် လမ်းနှင့်တံတားများ တည်ဆောက်နေ
ပုံစာ ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ကုန်ထုတ်လမ်းပိုင်းတစ်ခုအား တွေ့ရစဉ်။(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊မတ် ၆ ။       ။     မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးလာစေရေးအတွက် ကုန်လမ်းများနှင့်တံတားများတိုးချဲ့ ဖောက်လုပ်ပေးသွားမည်ဟု တိုင်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တိုင်းဝန်ကြီး ဒေါက်တာစိုးသန်းကပြောသည်။

အဆိုပါလမ်း၊တံတားများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ခြောက်လဘတ်ဂျက်မှစ၍ ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဟု ဒေါက်တာစိုးသန်းကဆိုသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်တို့တွင် ကုန်ထုတ်လမ်းများ ဖော်ဆောင် ဖောက်လုပ်လျက်ရှိပြီး ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင်လည်း မြစ်သားမြို့နယ်ကို ဆောင်ရွက်ပေးရန် လျာထား ပြီးဖြစ်သည်ဟု ဒေါက်တာစိုးသန်းကပြောသည်။

ကျေးရွာများ ဖွံ့ဖြိုးလာစေရန်အတွက် မြစိမ်းရောင်စီမံကိန်း၊ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း၊ လူထုဗဟိုပြု စီမံကိန်း နှင့်လူထုကို တိုက်ရိုက်ထောက်ပ့ံသည့် စီမံကိန်းများကို အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁ရခုနှစ်၊သြဂုတ်လတွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဆောက်လုပ်ရေးဦးစီးဌာန လက်အောက်တွင်ရှိသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကို အသစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ကျေးလက်လမ်းများကို ဖောက်လုပ်ပေးနိုင် သော်လည်း ကျေးလက် ကုန်ထုတ်လမ်းများကို ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှသာ စတင်ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly