နယူးယောက်၊ မတ် ၆ ။ ။ အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ မီးလောင်မှုဖြစ်တဲ့ ခရစ်ယာန်ဘုရားကျောင်းဆီ ရောက်ရှိလာတဲ့ မီးသတ်သမားတွေဟာ သူတို့ မြင်ရတဲ့ မြင်ကွင်းကြောင့် အံ့သြမင်သက်သွားပါတယ်။
ဂရန့်ဗျူးအရပ်က Freedom Ministries Church ဘုရားကျောင်းကို မီးအကြီးအကျယ် လောင်ကျွမ်းတာဖြစ်ပြီး အပူရှှိန်ပြင်းတာကြောင့် မီးသတ်သမားတွေဟာ အနားမသီနိုင်အောင် ဖြစ်နေခဲ့ရတယ််လို့ ကိုးလ်စီးတီးမီးသတ်ဌာနက ဖေ့ဘုတ်ပေါ် ရေးသားပါတယ်။
ဒါပေမယ့် မီးလောင်ကျွမ်း ပျက်စီးသွားတဲ့ ဘုရားကျောင်း အပျက်အစီးတွေကြား မီးသတ်သမားတွေ လိုက်လံရှာဖွေစဉ်မှာတော့ အံ့သြမင်သက်ဖွယ်ရာကို မြင်တွေ့လိုက်ကြရတော့တာပဲ ဖြစ်ပါတယ်။
“အားလုံးစိတ်ထဲ ထင်မှာပဲ။ ဒီလောက် မီးအကြီးအကျယ် လောင်ကျွမ်းပြီး ဘုရားကျောင်းတစ်ခုလုံး ပြိုကျပျက်စီးရင် ဘာမှမကျန်အောင် မီးလောင်ပျက်စီးလိမ့်မယ်လို့ ထင်ကြမှာပဲ။ ဒါပေမယ့် သမ္မာကျမ်းစာ တစ်အုပ်တစ်လေတောင် မီးမလောင်ခဲ့ဘူး။ ဘာမှလည်း ထိခိုက်ပျက်စီးမှု မဖြစ်ခဲ့ဘူး။”လို့ ယင်းမီးသတ်ဌာနက ရေးသားဖော်ပြပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့သွားတဲ့ အဲဒီ ဖေ့ဘုတ်ပို့စ်မှာ မီးသတ်ဌာနဟာ အပျက်အစီးတွေကြားက အကောင်းအတိုင်း ကျန်ရစ်တဲ့ သမ္မာကျမ်းစာ စာအုပ်ပုံကို ဓာတ်ပုံနဲ့တစ်ကွ ဖော်ပြခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုမှာ မီးသတ်သမားတစ်ဦးတစ်ယောက်မှ ထိခိုက်အနာတရ ဖြစ်တာ မရှိခဲ့ပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။