မန္တလေး-နေပြည်တော် အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး အပူလွန်ကဲရာမှ မီးလောင်

မန္တလေး-နေပြည်တော် အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး အပူလွန်ကဲရာမှ မီးလောင်
ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့

ရန်ကုန်၊မတ် ၄ ။             ။ မန္တလေး-နေပြည်တော် အမြန်လမ်းမပေါ်ရှိ မိုင်တိုင်အမှတ်(၃၄၆/၅-၃၄၆/၆) တွင် (မန္တလေး-စစ်တွေ) မှန်လုံ ယာဉ်ဖြစ်သည့် ခရီးသည်တင်ယာဉ်တစ်စီး အပူလွန်ကဲရာမှ မီးလောင်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မတ်လ ၄ရက်နေ့၊ မွန်းလွဲ ၃နာရီခွဲ ဝန်းကျင်အချိန်တွင် တောင်မြို့၊ ပုပ်တန်းရပ်ကွက် နေသူ ကိုကျော်သူ မောင်းနှင်လာသည့် "ရွှေလမင်း" (မန္တလေး-စစ်တွေ) ခရီးသည်တင် မှန်လုံယာဉ်သည် နောက် ဝဲဘက်ဘီး ဘရိတ်ရှူးကပ်ပြီး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ ့ စကားအင်းစခန်းမှတပ်ဖွဲ ့ဝင်များနှင့် အထောက်အကူပြု မီးသတ် တပ်ဖွဲ ့ များမှ ကူညီမီးငြိှမ်းသတ်ဆောင်ရွက်ခဲ့ပြီး ၄နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ယာဉ်မောင်းပါအမျိုးသား ( ၃၂)ဦးအပါအဝင် အမျိုးသမီး (၁၀)ဦး စုစုပေါင်း (၄၂)ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly