လေပိုင်နက်ဧရိယာတစ်ခုလုံးကို ပါကစ္စတန်ပြန်ဖွင့်

လေပိုင်နက်ဧရိယာတစ်ခုလုံးကို ပါကစ္စတန်ပြန်ဖွင့်

ပိတ်ဆို့ထားတဲ့ လေပိုင်နက်ဧရိယာတစ်ခုလုံးကို ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်လေကြောင်းအာဏာပိုင်တွေက ယနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

များမကြာမီကပဲ လေပိုင်နက်ဧရိယာအချို့ဖြစ်တဲ့ အစ္စလာမာဘတ်၊ ပယ်ရှာဝါ၊ ကာရာချီနဲ့ ကီတာလေဆိပ်တွေရဲ့ ပြည်တွင်းနဲ့ ပြည်ပလေကြောင်းခရီးစဉ်တွေအတွက် လမ်းကြောင်းကိုပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ယနေ့မှာတော့ လေပိုင်နက်ဧရိယာတစ်ခုလုံးကို ဖွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် အခြားနိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့လည်း ၎င်းတို့ရဲ့ မူလလမ်းကြောင်းအတိုင်း ပြန်လည်ပြေးဆွဲနိုင်တော့မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ၊ ၂၇ ရက်ကစပြီး နျူကလီးယားပိုင် ပြိုင်ဖက်နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ စစ်လေယာဉ်တွေပစ်ချခဲ့ကာ နောက်ဆက်တွဲ တင်းမာမှုတွေရှိနေခဲ့ရာ ပါကစ္စတန်က ၎င်းရဲ့ လေပိုင်နက်ကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

လေပိုင်နက်ပိတ်ဆို့ထားမှုဟာ ဥရောပနဲ့ အရှေ့တောင်အာရှခရီးစဉ်တွေကို နှောင့်နှေးကြန့်ကြာမှုတွေဖြစ်စေခဲ့ပြီး ထိုင်းလေကြောင်းလိုင်းဟာ ၎င်းရဲ့ ဥရောပခရီးစဉ် ၃၀ နီးပါးကို ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

စင်ကာပူလေကြောင်းလိုင်း၊ ကာတာနဲ့ ဆော်ဒီလေကြောင်းလိုင်း၊ Air Canada တို့ဟာလည်း ၎င်းတို့ရဲ့ ခရီးစဉ်တွေကို လမ်းကြောင်းပြောင်းပြီး ပျံသန်းပြေးဆွဲခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly