မန္တလေးဗဟိုအကျဉ်းထောင်မှ ၇၂ ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ဖြေမည်

မန္တလေးဗဟိုအကျဉ်းထောင်မှ ၇၂ ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ဖြေမည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ်လ ၃ ။       ။      လာမည့် မတ်လ ၆ ရက်နေ့တွင် ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၂ ဦး ဝင်ရောက် ဖြေဆိုကြမည် ဖြစ်သည်။

မန္တလေးဗဟိုအကျဉ်းထောင်တွင် ၂၀၁၆-၁၇ ပညာသင်နှစ်မှစတင်ပြီး စာစစ်ဌာနဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ယင်းစာစစ်ဌာနတွင် ဖြေဆိုရမည် ဖြစ်သည်။

မန္တလေး ဗဟိုအကျဉ်းထောင်မှ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁၁ ဦး ရှိခဲ့ရာ သုံးဘာသာဂုဏ်ထူး ထွက်သူ ၁ ဦးအပါအဝင် ၇ ဦး အောင်မြင်ခဲ့သည်။၂၀၁၇-၁၈ ပညာသင်နှစ်တွင် လည်း တက္ကသိုလ်ဝင်တန်းသို့ ၅၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ သုံးဘာသာဂုဏ်ထူးထွက်သူ ၄ ဦး၊ နှစ်ဘာသာ ဂုဏ်ထူး ထွက်သူ ၄ ဦး၊ တစ်ဘာသာဂုဏ်ထူး ထွက်သူ ၁၃ ဦးနှင့်ရိုးရိုးအောင်မြင်သူ ၆ ဦး ရှိခဲ့သည်။

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်လည်း ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအတွက် ၁၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး သုံးဘာသာဂုဏ်ထူး ထွက်သူ ၁ ဦး အပါအဝင် ၇ ဦး အောင်မြင်ခဲ့ကာ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအတွက် ၅၅ ဦး ဝင်ရောက်ဖြေဆိုရာတွင်လည်း သုံးဘာသာဂုဏ်ထူး ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူး ၄ ဦး ၊ တစ်ဘာသာဂုဏ်ထူး ၁၃ ဦး နှင့် ရိုးရိုးအောင် ၆ ဦး ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly